မေတ္တာလေလား

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...


ပိန်းပိတ်အောင်မှောင်မဲနေတဲ့ ညတစ်ည... အချိန်ကား ည(၉)နာရီခန့် အချိန် မိုးကလည်းတဖွဲဖွဲကျဆင်းနေတယ်... တချက်တချက် မိုးနဲ့အတူလေကတိုက်တော့ အအေးဓာတ်ကလွှမ်းခြုံလာတယ်... ဆောင်းတွင်းကာလ ဖြစ်တာနဲ့အညီ အအေးဓာတ်အပြင် အချိန်အခါမဟုတ် မိုးရွာနေတဲ့အတွက် ဆိုးရွားတဲ့ အအေးဓာတ်ကို ခံစားနေကြရပါတယ်... အရေးပေါ်ကယ်ဆယ်ရေးယာဉ်နဲ့အတူ ကင်းလှည့်နေတဲ့ ရိုစီတစ်ယောက်မှာတော့ ကားထဲမှာ အဖော်မပါ တစ်ယောက်တည်း ပျင်းခြောက်ခြောက်နဲ့ ကော်ဖီသောက်နေတယ်...

အလှည့်ကျ တာဝန်ထမ်းဆောင်နေရတဲ့အတွက် မိုးအေးအေးမှာ စောင်ခြုံထဲမကွေးနိုင်ပဲ ကင်းလှည့်နေရတယ်... အအေးဓာတ်ကြောင့် ဆိုင်များလည်း ပိတ်ကုန်ကြသလို အိမ်များမှာလည်း အိပ်ကုန်ကြပုံရတဲ့အတွက် မီးအလင်းရောင်မရှိပါပဲ... အဲဒီအချိန် အရေးပေါ် ဝေါ်ကီတော်ကီစက်ကနေ ကားတစ်စီးမတော်တဆ ချောက်ထဲကျလို့ အနီးဆုံးအရေးပေါ်ကားကို ဆက်သွယ်နေတယ်... ယာဉ်မတော်တဆဖြစ်တဲ့နေရာနဲ့ အနီးဆုံးကိုရောက်နေတာ ရိုစီ ဖြစ်တော့ ရိုစီက ဌာနချုပ်ကို သတင်းပို့ပြီး ချက်ချင်း ထွက်ခွာသွားခဲ့ပါတယ်...



ထို ယာဉ်မတော်တဆဖြစ်တဲ့နေရာမှာ မကြာခဏယာဉ်များ တိမ်းမှောက်ချောက်ထဲကျတတ်တဲ့နေရာဖြစ်ပါတယ်... မြို့ပြင်လည်းဖြစ်တဲ့အပြင် မိုးကရွာ မှောင်ကမှောင် မီးအလင်းရောင်ကမရှိဖြစ်နေတတ်တဲ့နေရာကို ရိုစီရောက်သွားချိန်မှာတော့ လမ်းပေါ်မှာ မည်သည့် ယာဉ်မှ ရှိမနေသလို တိမ်းမှောက်နေတဲ့ ယာဉ်ကိုလည်း မမြင်တွေ့ရဘူး... ဒီတော့ ရိုစီက ချောက်အောက်ကို ဓာတ်မီးနဲ့ ထိုးကြည့်တော့ ဝိုးတဝါးအလင်းရဲ့အောက်မှာ ယာဉ်တစ်စီးကို ချောက်အောက်မှာ လှမ်းမြင်လိုက်ရတယ်...

ရုတ်တရက် ရိုစီဖုန်းက အသံမြည်လာပါတယ်... တိတ်ဆိတ်နေတဲ့အချိန်မို့ ဖုန်းမြည်သံက အလွန်ပင်ကျယ်လောင်တဲ့အပြင်ချောက်ခြားစရာ ကောင်းလှပါတယ်... ရိုစီဖုန်းကိုင်လိုက်တဲ့အချိန်မှာတော့ ချောက်အတွင်းကို ဆင်းပြီး သူတို့အား ကယ်ဆယ်ရန် အမြန်ဆင်းလာပေးဖို့ တောင််းဆိုနေတဲ့အသံကိုကြားလိုက်ရပါတယ်... မည်သူမည်ဝါမေးချိန်မရပဲ တစ်ဖက်မှ ဖုန်းချသွားခဲ့ပါတယ်...

မတော်တဆဖြစ််တဲ့ယာဉ်ကို ချောက်အတွင်းမှာတွေ့ကြောင်းဌာနချုပ်ကို သတင်းပို့ရင်း အကူအညီများထပ်ပို့ပေးဖို့လည်း သတင်းပို့လိုက်ပြီး ချောက်အတွင်း ကားရှိရာကို လက်နှိပ်မီးရောင်အားကိုးနဲ့ ဆင်းခဲ့လိုက်ပါတယ်... ချောက်က အနက်ကြီးတော့မဟုတ်သလို မတ်စောက်ခြင်းလည်းမရှိ ခပ်စောင်းစောင်းအနေအထားသာရှိတဲ့အတွက် အခက်အခဲမရှိ ချောက်အတွင်းကို ဆင်းနိုင်ခဲ့ပါတယ်...

အမှောင်ထုက ပိန်းပိတ်အောင်မှောင်နေပါတယ်... မိုးကလည်းမစဲပဲ တဖွဲဖွဲကျနေဆဲဖြစ်တဲ့အပြင် တချက်ချက်လေကလည်း ဝှေ့ဝိုက်တိုက်ခတ်နေတဲ့အတွက် ရိုစီခန္ဂာကိုယ်မှာ ကြက်သီးများပင်ထလို့လာပါတယ်... တော်ရုံသတ္တိနဲ့တော့ မလွယ်ကူနိုင်တဲ့အလုပ်... ရိုစီလည်း ကားအနားကို ရောက်လာပြီး မီးထိုးကြည့်လိုက်တော့ ကိုယ်ပိုင်ကားတစ်စီးဖြစ်ပြီး‌ ယာဉ်မောင်းမှာ သေဆုံးနေကြောင်း တွေ့ရပါတယ်... အမှောင်ထုထဲမှာ လှုပ်ရှားမှုတစ်ခုတွေ့လိုက်ရတဲ့အတွက် ရိုစီလန့်သွားပြီး ဓာတ်မီးဖြင့်လှမ်းထိုးကြည့်လိုက်ပေမယ့် ဘာကိုမှမမြင်ရ...

ထိုအချိန် ကလေးငိုသံကို ကြားလိုက်ရ‌တဲ့အချိန်မှာတော့ ရိုစီ ခမြာ မိုးစက်တွေကြားမှာ ချွေးစေးတွေပင် ပြန်နေပါပြီ... ကလေးငိုသံလာရာကို စူးစမ်းလိုက်တော့ သစ်တောထဲကလာတဲ့အသံလိုလိုဖြစ်နေတဲ့အတွက် သစ်တောရှိရာကို မီးထိုးရင်း လျှောက်ကြည့်ပေမယ့် ဘာမှမမြင်ရတော့တဲ့အတွက် စိတ်ကသိကအောက်ဖြစ်လာလို့ ချောက်အပေါ်ပြန်တက်ရင်း အကူအညီတွေရောက်မှ ကားကိုဆွဲတော့မယ်လို့ စဉ်းစားရင်း ချောက်အပေါ်ပြန်တက်ဖို့ပြင်လိုက်ပါတယ်... တစ်ယောက်တည်း အမှောင်ထုထဲ လူသေအလောင်းကောင်တစ်ခုနဲ့ အတူနေရင်း ခြောက်ခြားလာတဲ့အတွက်လည်း ဖြစ်ပါတယ်...

ရုတ်တရက် ရိုစီဖုန်းသံမြည်လာတဲ့အတွက် ရုတ်တရက် ရိုစီလန့်သွားမိပြီး ဖုန်းကိုင်လိုက်ပါတယ်... ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ အစောက ခေါ်ထားတဲ့ဖုန်းနံပါတ်ပဲဖြစ်နေပါတယ်... သူတို့ကို ကယ်တင်ပေးဖို့ ထပ်မံပြီး အလောတကြီးပြောကြားနေတဲ့အသံနဲ့အတူ ကလေးငိုသံကို နီးနီးကပ်ကပ်ကြားလိုက်ရတဲ့အတွက် ရိုစီ ခေါင်းနပန်းများကြီးပြီး ကြက်သီး‌တဖြန်းဖြန်းထသွားရပါတော့တယ်...

တဖက်မှဖုန်းလည်း ချသွားတဲ့အတွက် ကလေးငိုသံ ဘယ်ကလာနေသလဲဆိုတာ အနီးတစ်ဝိုက်ရှာကြည့်တဲ့အခါ ကားနောက်ခန်းထဲက လာတဲ့အသံလို့သိလိုက်တဲ့အတွက် ရိုစီက ကားနောက်ခန်းတံခါးကို အလျင်အမြန်ဆွဲဖွင့်ပြီးကြည့်လိုက်တဲ့အခါမှာတော့ လသားအရွယ် ကလေးငယ်တစ်ယောက် မအော် မငိုပဲနဲ့ ကလေးထိုင်ကွင်းလေးထဲမှာ အိပ်နေတာကို ဓာတ်မီးရောင်အောက်မှာတွေ့လိုက်ရပါတယ်...


ဆက်ရန် ->>>


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
10 comments
avatar

ဇာတ်လမ်းတွေ တင်နေပြီပဲ
!lol

0
0
0.000
avatar



@callmemaungthan YOU !PIMP, THE HiQ Smart Bot, has recognized your request. !PIZZA

If you have at least 10 HIQS staked, then juicy votes will follow!


Delegate [HP to @hiq.hive], [BEE to @hiq.bee], [PHOTO to @hiq.photo], [FUN to @hiq.fun] or [PIMP to @hiq.pimp] to support the HiQ Smart Bot and its trails.


For any further questions, please feel free to contact @hiq.redaktion via comment or Discord.

(This is a semi automaticaly created manual curation. Currently I am in the testing phase though !LOL)

0
0
0.000