Two Passive Incomes from One Delegation

avatar

Hello friends.

Today, I will share about Two Passive Incomes from one Delegation.

img_0.7653265540597722.jpg

I was interested in playing Splinterlands game with SPS Airdrop.
But, playing Splinterlands game will get me very little to get SPS Airdrop.
Since I started playing Splinterlands game last month, it is not easy to have a lot of Game Cards and DEC.
Buying Splinterlands Game Cards is unbeatable for me.

Splinterlands Game has a SplinterTalk Blogging site and SPT tokens are available for blogging on that site.
Curation Reward is also available if SPT token is staked.
So, I bought 8000 SPT tokens and Stake.
SPS Airdrop is also available if you hold these SPT tokens.

Why do I do SPT Delegation here?
The main reason is the concern that I can not able to curate in SplinterTalk.

Therefore, here are the results of SPT Delegation.
I Delegated SPT 8000 to @monster-curator .

(1). Delegation Reward is obtained by making SPT delegation.
I will calculate the average Delegation Reward from @monster-curator .

img_0.6937858286056718.jpg

It has been 3 days since I made the SPT 8000 Delegation.
The total reward for these three days is SPT 20.616, which is an average of SPT 6.872 per day.
Therefore, I can get SPT delegation rewards around SPT 200 per month and over SPT 2400 per year.

(2). If I delegated SPT delegation but SPS Airdrop for SPT holding is available.

Therefore, if you buy SPT and do Staking and Delegation, you can get two good Passive Incomes.

So how good is it?

What do you think?

Thank you for everything.

Tin Aung Soe

[Burmese]

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ဒီနေ့ SPT Delegation အကြောင်း မျှဝေပေးပါမယ်။

ကျွန်တော်သည် Splinterlands Game ကို SPS Airdrop ပေးမှ စိတ်ဝင်စားပြီး ကစားခဲ့ပါတယ်။
သို့သော် Splinterlands Game ကစားခြင်းဖြင့် SPS Airdrop ရဖို့မှာ အလွန် နည်းပါးစွာပဲ ရပါလိမ့်မည်။
ကျွန်တော်က ယခင်လမှ စတင်ပြီး Splinterlands Game ကစားခဲ့တာ ဆိုတော့ Game Cards and DEC များများ ရှိဖို့ မလွယ်ကူလို့ပါ။
Splinterlands Game cards ဝယ်ယူရအောင်ကလည်း ကျွန်တော့်အတွက် လိုက်မမှီတဲ့ ဈေးနှုန်းများပါ။

Splinterlands Game ၌ SplinterTalk Blogging site ရှိပြီး ၎င်း site တွင် Blogging လုပ်ပါက SPT tokens ရရှိနိုင်သည်။
SPT token ကို Staking လုပ်ထားလျှင်လည်း Curation Reward ရနိုင်ပါသည်။
သို့ဖြစ်၍ ကျွန်တော် SPT tokens 8000 လောက် ဝယ်ယူပြီး Stake ခဲ့ပါသည်။
၎င်း SPT tokens ကိုင်ဆောင်ထားလျှင်လည်း SPS Airdrop ရရှိပါသည်။

ဤတွင် ကျွန်တော်သည် အဘယ်ကြောင့် SPT Delegation လုပ်ရပါသနည်း။
အဓိက အကြောင်းအရင်းမှာ SplinterTalk မှာ Curate မလုပ်နိုင်မှာ စိုးရိမ်သောကြောင့် ဖြစ်ပါသည်။

သို့ဖြစ်၍ ဤတွင် SPT Delegation လုပ်ထားခြင်း၏ အကျိုးရလဒ်များကို ဖော်ပြပေးပါမည်။
ကျွန်တော်သည် @monster-curator ထံ SPT 8000 ကို Delegation ပြုလုပ်ခဲ့ပါသည်။

၁. SPT delegation လုပ်ထားခြင်းဖြင့် Delegation Reward ရရှိပါသည်။
ကျွန်တော် @monster-curator ထံမှ ရရှိသော Delegation Reward ကို ပျမ်းမျှခြင်း တွက်ပြပါမည်။

ကျွန်တော်သည် SPT 8000 Delegation လုပ်ခဲ့တာ ၃ ရက် ပြည့်မြောက်ခဲ့ပါပြီ။
ထိုသုံးရက် အတွက် ရရှိသော Total Rewards မှာ SPT 20.616 ဖြစ်သောကြောင့် ပျမ်းမျှ တစ်ရက်လျှင် SPT 6.872 ဖြစ်ပါသည်။
သို့ဖြစ်၍ ကျွန်တော်သည် ‌SPT delegation rewards တစ်လလျှင် SPT 200 ကျော် ဝန်းကျင် နှင့် တစ်နှစ်လျှင် SPT 2400 ကျော် ရရှိနိုင်ပါသည်။

၂. SPT delegation လုပ်ထားသော်လည်း SPS Airdrop ရရှိပါသည်။

ထို့ကြောင့် SPT ဝယ်ယူထားပြီး Staking and Delegation လုပ်ထားပါလျှင် ကောင်းမွန်သော Passive Income အကျိုးရလဒ်နှစ်မျိုး ရရှိနိုင်ပါသည်။

ကဲ ဘယ်လောက်ကောင်းလိုက်ပါသလဲဗျာ။

မိတ်ဆွေတို့ရော အဘယ်သို့ ယူဆပါသလဲ။

အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။

တင်အောင်စိုး



0
0
0.000
21 comments
avatar

ဝိုးအဲ့လိုတွေရှိသလား။ အဲ့သလိုဆိုရင်တော့ ဆွဲလိုက်မှထင်တယ်။😁
မျှဝေပေးလို့ ကျေးဇူးပါ အကိုရေ...။

!PIZZA

0
0
0.000
avatar

ဟုတ်တယ် ညီရေ
အရင်းရှိလို့ကတော့ ဆွဲသာဆွဲ

0
0
0.000
avatar

ဟား ကောင်းလှချည်လားဗျ Sharing လုပ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။ !PIZZA

0
0
0.000
avatar

ကောင်းရမယ်လေ Capital ပဲ လိုတယ်

0
0
0.000
avatar

အဲဒါလေးက မစိုးဘူး နှစ်ကျပ်ကွက် monster-curator လာဗုတ်ရင် spt က အများကြီးပဲရတယ်
!LUV
!PIZZA

0
0
0.000
avatar

တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ကျေးဇူး ပြောပြပေးလို့။

0
0
0.000
avatar

တစ်ခုလောက် ပြောပြအုံး။အခုရနေတဲ့ Post က SPT 8000 ကျော် ဟာ ဘယ်လိုရသွားတာလဲအစ်ကို။ @monster-curator ကို delegate လုပ်ထားလို့ ရတာလား။ delegate မလုပ်ရင်တော့ မရဘူး ဒါမျိုးလေး သိချင်တာပါ။

0
0
0.000
avatar

SPT 8000 က ဝယ်ပြီး၊ Stake ထားတာကို Delegation လုပ်တာပါ။
SPT reward ရချင်ရင်တော့ Splinterlands အကြောင်း spt tag နဲ့ ပို့စ်တင်ပါ။

0
0
0.000
avatar

ဟုတ်ကဲ့ပါခင်ဗျာ။

0
0
0.000