NC မှာ ကံမကောင်းသေးပါလား

avatar
(Edited)

SM မှာတော့ ကံအနည်းငယ် ကောင်းလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ NC မှာတော့ ကံမကောင်းသေးပါဘူး။

မနေ့က SM ကနေ Gold ကဒ် တစ်ခုရလိုက်ပါတယ်။ ၃ ဒေါ်လာကျော်တန်ပါတယ်။ Rare ကဒ်ကတော့ နှစ်ခုရပါတယ်။ မဆိုးလှဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

 နောက်ဆုံးတွေ့ခဲ့တဲ ဂြိုဟ်က မနေ့ကတွေ့ခဲ့တာ ဖြစ်ပါတယ်။ သိပ်တော့ မဆိုးလှဘူးပေါ့။ ဒါပေမဲ့ အဲဒီ ဂြိုဟ်ကို ရှာတွေ့ဖို့ ခြောက်ရက်လောက် အချိန်ပေးပြီး ရှာခဲ့ရပါတယ်။ အသွားသုံးရက် အပြန် သုံးရက် ဖြစ်ပါတယ်။ အနီးနားမှာ ဂြိုဟ်တွေ ရှာတွေဖို့ ခက်နေပြီ ဖြစ်ပါတယ်။ နီးနီးနားနားမှာ ဂြိုဟ်တွေ ရှာတွေ့နိုင်မှ အဆင်ပြေမှာပါ။ အဲဒီဂြိုဟ်ကတော့ ကျွန်တော်တို့အဖွဲ့ဝင်တွေကို လာတိုက်နေတဲ့ သူတွေနဲ့ နီးအောင် ရှာဖွေထားတာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မူလဂြိုဟ်စုနဲ့ အဝေးကြီးမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကို @aggamun နဲ့တော့ ကပ်လျက်ပါပဲ။

Yamato ကတော့ အနည်းငယ် လိုပါသေးတယ်။ ဒါပေမဲ့ SM ရာသီကုန်ချိန်ကတော့ နီးကပ်လာပါပြီ။ အခုဆိုရင် သုံးရက်ကျော်ပဲ လိုပါတော့တယ်။

မနေ့ကတော့ သရဲ့နဲ့ quest ကစားရတဲ့အတွက် Gold II ကို ပြန်ဆင်းသွားပါတယ်။ ရာသီကုန်ချိန်မှာ Gold I အဲဒီကနေ ဒိုင်းမွန်းကို သွားရင် ကောင်းမလား။ ဒါမှမဟုတ် ဒီအတိုင်းလေးပဲ စောင့်ပြီးတော့ ရာသီပြန်စတဲ့ ရက်ကို မျှော်လင့်ထားရမလား။

ကံမကောင်းတဲ့ ကိစ္စ နောက်တစ်ခုက ရှိနေပြန်ပါတယ်။ အဲဒါကတော့ steempress အပ်ဗုတ်က 2% ပဲ ပေးတော့တာပါ။ အရမ်းကို နည်းသွားပါပြီ။ ဘာတွေများလိုအပ်သွားခဲ့သလဲတော့ မသိပါဘူး။

ကြိုးတော့ ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ အရာမထင်ခဲ့တော့လဲ မတတ်နိုင်ဘူးပေါ့ဗျာ။



Posted from my blog with SteemPress : https://steemhosting.com/?p=181


0
0
0.000
4 comments
avatar

Hi, @mmunited!

You just got a 2.58% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

0
0
0.000
avatar

bro တော်တော်ဆော့နိုင်တာပဲနော်

0
0
0.000
avatar

သိပ်တော့ မဆော့ဖြစ်ပါဘူး။ Capture rate နဲ့ ထိန်းထားတော့ capture rate အရမ်းကျမသွားအောင် ထိန်းကစားနေရတယ်။

0
0
0.000