အမြင်ကျယ်စေချင်

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

မရေးရရင် မနေနိုင်လို့ရေးလိုက်ပါအုံးမယ်... လူငယ်တွေဟာ နိုင်ငံတိုင်း နိုင်ငံတိုင်းအတွက် မျိုးဆက်သစ်တွေဖြစ်တယ်ဆိုတာ အထူးအထွေပြောနေစရာမလိုပါ... လူငယ်တွေအမြင်ကျယ်ကျယ်နဲ့ ဖြန့်ကျက်တွေးတောနိုင်မှသာ သက်ဆိုင်ရာ နိုင်ငံသည်လည်း အမြင်ကျယ်ကျယ်နဲ့ တိုးတက်တဲ့နိုင်ငံအဖြစ်ကို ရောက်နိုင်ပါလိမ့်မယ်... အမြင်ကျဉ်းကျဉ်းနဲ့နေထိုင်ရင်တော့ အမြင်ကျဉ်းပြီး တိုးတက်မှုနည်းပါးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နိုင်ပါတယ်...


img_20220416_093951.png


ဒီနေရာမှာ အမြင်ကျယ်ခြင်း နဲ့ အမြင်ကျော်ခြင်း ကိုတော့ ကွဲပြားခြားနားမှ ဖြစ်ပါလိမ့်မယ်... ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်အများစုကို လေ့လာကြည့်ရင် အမြင်ကျယ်တဲ့ လူငယ်တွေထက်စာရင် အမြင်ကျော်နေတဲ့လူငယ်တွေ အများအပြားဖြစ်နေတယ်ဆိုတာကို မြင်နိုင်ပါလိမ့်မယ်... အမြင်ကျယ်တာနဲ့ အမြင်တွေကျော်နေတာက မတူညီနိုင်ပါဘူး...

အမြင်ကျယ်ခြင်းမှာ ကိုယ့်ယဉ်ကျေးမှု ကိုယ့်လူ့အဖွဲ့အစည်းကို အထင်သေးတာ ဖျက်ဆီးလိုတဲ့ သဘောတွေမရှိဘူး... ကိုယ့်ယဉ်ကျေးမှု ကိုယ့်လူ့ဘောင်အသိုင်းအဝိုင်းကို ခေတ်နဲ့အညီ တိုးတက်အောင်ကြံဆောင်တဲ့သဘောမျိုးပဲရှိမယ်လို့ထင်ပါတယ်..

အမြင်ကျော်ခြင်းမှာတော့ ကိုယ့်ယဉ်ကျေးမှု ကိုယ့်လူ့ဘောင်အဖွဲ့အစည်းကို အထင်သေးတာတွေ သူများယဉ်ကျေးမှု သူများလူ့အဖွဲ့အစည်းကို အထင်ကြီးတတ်တဲ့သဘောတွေပါလာတဲ့အပြင် ကိုယ့်ယဉ်ကျေးမှုကိုပစ်ပယ်လို့ သူများယဉ်ကျေးမှုကို အဟုတ်မှတ်နေတတ်တဲ့သဘောတွေပါလာတယ်လို့ မြင်မိပါတယ်...

ဒီထက်တော့ပိုပြီးမရှင်းပြတတ်ပါ... ယနေ့ခေတ်ကာလရဲ့ လူငယ်တွေဟာ ပြောတိုင်းမယုံကြည်တတ်ကြတော့သလို ပြန်မပြော နားမထောင်ဆိုတဲ့လက်နက်‌ကိုပါ ကိုင်စွဲထားတတ်နေကြပါပြီ... ကောင်းတဲ့အကျင့် ကောင်းတဲ့အမှု ကောင်းတဲ့အလုပ်ဆိုခဲ့ရင် လူကြီးတွေအနေနဲ့ အားပေးအားမြှောက်ပြုသင့်ပေမယ့် မကောင်းတဲ့အကျင့် မကောင်းတဲ့အမှု မကောင်းတဲ့အလုပ်ဖြစ်ခဲ့ရင်တော့ အကြောင်းအကျိုးကို နား‌လည်အောင်ရှင်းပြ တားမြစ်သင့်တယ်လို့ယူဆမိပါတယ်...

သူများနိုင်ငံကိုတော့ မရောက်ဖူးလို့ ဘယ်လိုဆိုတာ မသိပါ... ကိုယ့်နိုင်ငံ မှာတော့ ယနေ့ခေတ်ကာလလူငယ်အများစုကတော့ မြန်မာ့ယဉ်ကျေးမှု မြန်မာ့လူ့ဘောင်က တန်ဖိုးထားရမယ့်အရာတွေကို ကျော်လွှားပြီးတော့ အခြားနိုင်ငံက ယဉ်ကျေးမှုတွေကို တန်ဖိုးထားလာတာကတော့ အတော်ဝမ်းနည်းစရာ ဖြစ်ပါတယ်...

မြန်မာ့လူ့ဘောင်ယဉ်ကျေးမှုအပေါ်မှာ အမြင်ကျယ်ကျယ်လေ့လာထားသင့်ပါတယ်... အမြင်ကျယ်ကျယ်နဲ့လေ့လာမထားတဲ့အခါ ကိုယ့်လူ့ဘောင်ယဉ်ကျေးမှုအပေါ်မှာ အမြင်ကျဉ်းကျဉ်းပဲမြင်နိုင်တော့ပါတယ်... အခြားလူ့ဘောင်အဖွဲ့အစည်းယဉ်ကျေးမှုအပေါ်မှာတော့ အမြင်အတော်ကျယ်နေကြတယ်လို့လည်း မြင်မိပါတယ်... မြန်မာ့လူ့ဘောင်ယဉ်ကျေးမှုအတွက် စိတ်မကောင်းစွာနဲ့ပဲ ကြည့်နေရပါတယ်...

ဒါတွေက ကျွန်တော့အမြင် ကျွန်တော့အတွေး ကျွန်တော့်အယူအဆသာဖြစ်တဲ့အတွက် မှားယွင်းခဲ့ရင် ခွင့်လွှတ်ကြပေတော့ဗျို့... နိုင်ငံခြားသားတစ်ယောက်လာလို့ မြန်မာ့ရိုးရာ မုန့်ကလေးများ စားချင်တယ်လို့ ပြောလာခဲ့ရင် မုန့်ပြားသလက်ဆိုင်တောင် ဘယ်လိုက်ရှာရမှန်းမသိတော့ပါ... အခြားနိုင်ငံက စားသောက်စရာဆိုင်တွေ့ကတော့ ရိုက်သတ်လို့မကုန်အောင်ကို များပြားလှပါတယ်... စိတ်မကောင်းစရာပေပဲ...

ထိန်းသိမ်းသင့်တာတွေကို အမြင်ကျယ်ကျယ် မှန်မှန်ကန်ကန်ထိန်းသိမ်းလို့ ပြုပြင်သင့်တာတွေကိုလည်း ကိုယ့်ရေမြေ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုက်ညီအောင် အမြင်ကျယ်ကျယ်နဲ့ပြုပြင်သင့်တယ်လို့လည်း ထင်မိပါတယ်... ကိုယ်ထင်တာတွေကို ကိုယ်မြင်တာတွေကို ရေးနေတော့ ကျွန်တော်လည်း အမြင်ကျဉ်းတဲ့အထဲမှာပါသွားပြီထင်ပဗျာ 😁 အမြင်ကျယ်ကျယ်နဲ့ ကိုယ့်နိုင်ငံ ကိုယ့်ရေမြေ ကိုယ့်ယဉ်ကျေးမှုတွေကို အခြေခံလို့ ပြုပြင်ပြောင်းလဲနိုင်ကြပါစေလို့ တိုးတက်စေလိုသောဆန္ဒဖြင့် ဆုတောင်းရင်းနဲ့သာ-

အားလုံးကို လေးစားလျှက်-


@ansoe


https://images.ecency.com/p/6VvuHGsoU2QCK6yq1XKF2xrUpxynFs9SFNnn3DQjsWmPccrrBNiJd4i3gaGVbKjKjDWTgrNQsuJvyTiyTVyjow45kYzkQSmn69CXnKxYFpqbRaKZeLj8C8jKdVxXDY.webp?format=webp&mode=fit



0
0
0.000
12 comments
avatar

အချို့အရာတွေက ကျော်မြင်တတ်ဖို့ လိုတယ်
!LOL

!LUV

0
0
0.000
avatar

ကျော်ကျော်ပြီးမြင်နေတယ် 😂

0
0
0.000
avatar

အရည်အသွေးလေးတွေထိန်းထားရင်တော့ ရိုးရာမုန့်လဲ အားပေးကြမယ်ထင်ပါတယ်။ ဒီမှာ မုန့်လင်မယားလိုမုန့်ကို စားကောင်းအောင်လုပ်ရောင်းတဲ့ဆိုင်က ‌ ရောင်းနေရတုန်းပါပဲ။ စားကောင်းဖို့လိုသလို သန့်ရှင်းဖို့လဲလိုတယ်ထင်ပါတယ်။ !LUV

0
0
0.000
avatar

မန္တလေးက တချို့လ္ဘက်ရည်ဆိုင်အကြီးကြီးတွေမှာဆိုရင် မုန့်ပြားသလက်ရတယ်... ဆိုင်ရှင်ကလုပ်ရောင်းတာမဟုတ်ပဲ လမ်းဘေးမှာရောင်းတဲ့သူကို သူ့ဆိုင်မှာရောင်းခိုင်းတယ်... မုန့်ပြားသလက်သည်က မုန့်လုပ်ပေးရုံပဲ... ဆိုင်ရှင်ကတော့ ကော်မရှင်စား‌တယ်ပေါ့... အဲသလိုပဲ အခြားအစားအသောက်တွေကိုလည်းပဲ နေရာပေးထားပြီးတော့ သူ့ဆိုင်ကစားပွဲထိုးလေးတွေက စားပွဲထိုးပေးတယ်... ကော်မရှင်စားတယ်... အဲဒါနဲ့ လ္ဘက်ရည်ဆိုင်က မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်နေတယ်...

0
0
0.000
avatar

အဲလို အစီအစဉ်လေးတွေ ကောင်းတယ်။ မြန်မာ အစားအစာတွေက တကယ်ကောင်းကောင်းလုပ်ရင် စားကောင်းတဲ့ အစာတွေပါပဲ။

0
0
0.000
avatar

ထန်းရည်ကို ကြာရှည်ခံအောင် ဘယ်လို ထားရင် ကောင်းမလဲကြံနေတာ။ ပြီးတော့ အရသာ မပျက်ပဲ ၁၀ နှစ်လောက် ထားသို နိုင်တဲ့ နည်းပညာကော လိုချင်နေတာ။😁😁😁 !LUV

0
0
0.000
avatar

ထန်းရည်ကိုရက်အတော်ကြာခံအောင်လုပ်ပြီး ရောင်းတာကို အသေးစားစက်မှုလက်မှုပြခန်းမှာ မြင်ဖူးလိုက်တယ်။ နှစ်ရှည်တော့ အထားခံမခံမသိဘူး ဆာဟင်ရေ နည်းလေးများရလာရင်လည်း လက်တို့ပါအုံးလို့ 😂😂😂

0
0
0.000