အတွေး အကြံ__ အတွေ့ အကြုံ

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

လောကကြီးမှာဗျာ လူဆိုတာ ဟိုအကြောင်း ဒီအကြောင်း သောင်းပြောင်းထွေလာ အဲဒါသီချင်းစာသားလားမသိဘူး... ရေးချင်တာတွေကလည်း များနေလေတော့ ဘာရေးရမှန်းမသိ ပြားသွားတော့တာပဲ... အထက်က စာသားလိုပဲ ကျုပ်တို့တစ်တွေဟာ အတင်းပြောတာလား ဘာလား မပြောနိုင်တဲ့ ဟိုအကြောင်း ဒီအကြောင်းတွေကို ပြောရင်း လေတွေကန်နေတာနဲ့ပဲ ကိုယ့်အကြောင်းတော့မတွေးမိဘူးဗျို့... ရေးချင်တာက တစ်မျိုး ရေးတော့ ထွက်လာတာကတစ်မျိုးဖြစ်နေတော့ ပြန်ဆွဲတည့်လိုက်ပါအုံးမယ်... လူတိုင်းလူတိုင်းမှာ မတူညီတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားသလို မတူညီတဲ့အတွေ့အကြုံတွေးလည်း ရှိနေတယ်...


04.png


အတွေ့အကြုံဆိုတာက ပိုက်ဆံပေးဝယ်လို့ရတဲ့အရာတွေထဲမှာ မပါဘူး... ကောင်းဖို့အတွက်ဖြစ်လာတဲ့အတွေ့အကြုံတွေရှိသလို ဆိုးဖို့အတွက် ဖြစ်လာတဲ့အတွေ့အကြုံကလည်း ရှိစမြဲပဲ... အတွေ့အကြုံက ပိုက်ဆံပေးဝယ်လို့ရတဲ့အထဲမှမပါလေတော့ ကိုယ်တိုင်ကြိုးစားယူရတတ်တယ်မဟုတ်လား... ကိုယ်တိုင်ကြိုးစားယူလာခဲ့ရတဲ့ အတွေ့အကြုံဆိုတာတွေကို အခြားသူ‌တွေအတွက် လမ်းပြနိုင်သင့်သလို ကိုယ့်အတွက်လည်း အဲဒီအတွေ့အကြုံက လမ်းပြဖြစ်နေသင့်တယ်.... အတွေ့အကြုံဆိုတာကို ပြန်ပြောပြရုံလောက်နဲ့တော့ ပြီးမသွားသင့်ဘူးထင်တယ်... ကိုယ့်အတွေ့အကြုံကတစ်ဆင့် အတွေးလေး အကြံလေးတွေ ပြုပြီး အတုယူသင့်တာယူ ပယ်နုတ်သင့်တာပယ်နုတ် စသဖြင့်တော့ လုပ်သင့်တယ်ထင်ပါ့...

သူတစ်ပါးတွေ့ကြုံခဲ့ရတာကို တစ်ဆင့်ပြန်လည်ကြားဖူးရာကနေ ကိုယ်လည်းပဲ ဒီလိုအရာတွေနဲ့ တွေ့တဲ့အခါမှာ အတွေ့အကြုံရှိသလိုဖြစ်သွားတတ်တယ်... တစ်ခါတစ်ခါ ဟိုနိုင်ငံအတွေ့အကြုံ ဒီနိုင်ငံအတွေ့ ဆိုပြီး အလကားပိုက်ဆံအကုန်ခံလုပ်နေကြတယ်လို့မထင်... အကျိုးရှိနိုင်လို့သာ လုပ်ကြတယ်လို့ပဲထင်ပါတယ်... သူတို့ရဲ့အတွေ့အကြုံကိုနားထောင်ရတဲ့သူတွေအနေနဲ့ အတွေးလေး အကြံလေးတွေ ထွက်သွားနိုင်လို့ အဓိကမှတ်ယူမိပါတယ်... အတွေ့အကြုံ နှီးနှောတယ်... အတွေ့အကြုံ ဖလှယ်ကြတယ်ဆိုတာ ပျင်းလို့လုပ်နေကြတာမဟုတ်လောက်ပါဘူး...

တခါတရံ အတွေ့အကြုံကနေ အတွေးအကြံဖြစ်လာတတ်သလို အတွေးအကြံကနေ အတွေ့အကြုံဖြစ်လာတတ်သဗျ... တကယ်မတွေ့ကြုံရခင်မှာ အတွေးအကြံလေးတွေထုတ်ပြီးတော့ တကယ့်အရေးမှာ အတွေ့အကြုံရလာတယ်... အတွေ့အကြုံကနေ တွေးတောကြံဆရင်းနဲ့ အတွေးအကြံလေးတွေ ရှိလာတတ်တယ်... ကောင်းတဲ့အတွေ့အကြုံ ကောင်းတဲ့အတွေးအကြံလေးများရရင် လက်လေးတော့တို့ကြပါအုံး...

အတွေးအကြံ ကနေ အတွေ့အကြုံ အတွေ့အကြုံကနေ အတွေးအကြံ အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ...

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
13 comments
avatar

ဟုတ်ပါတယ် bro
အတွေ့အကြုံဆိုတာ ပိုက်ဆံပေးဝယ်လို့မရပါဘူး
ဒါပင်မဲ့ တစ်ချို့အတွေအကြုံအတွေ အိမ်မက်ဆိုးတွေဖြစ်နေတက်ပါတယ်ဗျာ !LOL

0
0
0.000
avatar

အကောင်း အဆိုးက အမြဲတွဲနေတတ်ပါတယ် ကောင်းတာတွေထဲ ဆိုးတာတွေပါနေတတ်သလို ဆိုးတာတွေထဲကနေ အကောင်းလေးတွေပါတတ်ပါတယ် အားတင်းရင်းရှေ့ဆက်ကြပါစို့

0
0
0.000
avatar

မှန်တယ်ဗျာ့ ဦးစိုး ကိုယ့်မျက်ချေး အကြောင်း မပြောကြဘူး သူများမျက်ချေး အကြောင်းတွေဘဲ ပြောနေကြတာ

0
0
0.000
avatar

မျက်နှာသစ်ပြီးမှ မှန်ကြည့်ကြလို့ ကိုယ့်မျက်ချေးကိုယ်မမြင်ရတာနေမယ် ဦးယုရ 😁

0
0
0.000
avatar

အတွေ့အကြုံကနေ သင်ခန်းစာ ယူပြီး လုပ်ဆောင်တတ်ဖို့ အရေးကြီးပါတယ်

!LOL

0
0
0.000
avatar

Whats the nuttiest Band in the history of rock and roll
The Allmond Brothers.

@ansoe, I sent you an $LOLZ on behalf of @walarhein
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

0
0
0.000
avatar

သင်ခန်းစာ ကောင်းကောင်းထုတ်လို့ စာတွေရေးရအုံးမှာပေါ့လေ

0
0
0.000
avatar

တောင်တွေး မြောက်တွေး အတွေးများနေတာပါပဲ
!LOL

0
0
0.000
avatar

ကလေး ကလား အတွေးမများနဲ့ Hive ဈေးတက်ဖို့သာ ဆုတောင်းနေပါ 🙏

0
0
0.000
avatar

အတွေ့အကြုံဆိုတာ ပိုက်ဆံပေး၀ယ်မရဘူးဆိုတာ အမှန်ပါပဲ !PIZZA

0
0
0.000
avatar

ဆိုးတဲ့ အတွေ့အကြုံပဲဖြစ်ဖြစ် ကောင်းတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်ပေါ့လေ

0
0
0.000