အရှုပ်တောမှာ တလယ်လယ်

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ အခြားနိုင်ငံများမှာလို ရှင်းရှင်းလင်းလင်းမရှိ... တိကျသေချာမှုတွေနည်းလွန်းခဲ့ပါတယ်... ရှုပ်တာမှ အတော်ကိုရှုပ်တဲ့လူမျိုးဖြစ်နေခဲ့ပါတယ်... စကားတွေကလည်း ရှုပ်၊ စာတွေကလည်းရှုပ်၊ ဟိုအရေး ဒီအရေးတွေကလည်းရှုပ်၊ နိုင်ငံရေးဆိုတာကြီးကလည်းရှုပ်၊ လူမျိုးရေးဆိုတာတွေကလည်းရှုပ်၊ လက်နက်ကိုင်ဆိုတာတွေကလည်း ရှုပ် အကုန်အကုန်ရှုပ်နေတဲ့ ထူးခြားဆန်းပြား ကမ္ဘာတစ်လွှားဆိုတဲ့ အစီအစဉ်မှာ ထိပ်ဆုံးကနေ ပါသင့်တယ်... အဲသလို အရှုပ်တောကြီးထဲမှာ မွေးဖွားကြီးပြင်းလာခဲ့ရတော့ အရှုပ်ထဲမှာတလယ်လယ်နဲ့ပေါ့ဗျာ...


mixture.png


စကားပြောဆိုတဲ့အခါမှာလည်း စကားလုံးတွေကရောရောထွေးထွေးဖြစ်နေတယ်... စကားတစ်လုံးကလည်း အဓိပ္ပါယ် အမျိုးမျိုးထွက်နေတတ်သေးရဲ့... ရှုပ်သမှ သပွတ်ဘူ ဝင်္ကပါက အဖိုးခေါ်ရမယ်... ပိစိကွေး သေးသေးလေး ဗြုတ်စဗျင်းတောင်း တိုလီမုတ်စတွေကို တလေးတစား တရိုတသေ‌ လေးလေးစားစား ယုံယုံကြည်ကြည် မျက်နှာလွှဲ ဥပေက္ခာ လစ်လျူရှုလို့ ကပျာကယာ ကပျာကသီ ကတုန်ကရင် ကပိုကရို လုပ်နေတာကို ကဖျက်ယဖျက် နှောင့်နှောင့်ယှက်ယှက် ကလန်ကဆန် မိုက်မိုက်ရိုင်းရိုင်းနဲ့ လုပ်ချင်ရာ လုပ်နေကြတာပဲ 😁 ဒါလောက် ရှုပ်နေတာဆိုတော့ ကျုပ်တို့တစ်တွေခမြာ အရှုပ်ထဲမှာ တလယ်လယ်ဖြစ်နေတာ မဆန်းတော့ပါဘူးဗျာ...

ဂျပန်လူမျိုးတစ်ယောက် မြန်မာစာကိုလေ့လာချင်လို့ဆိုပြီး ဘုန်းတော်ကြီးကျောင်းကို ရောက်လာခဲ့ပြီး မြန်မာစာ မြန်မာစကားကို လေ့လာနေလေရဲ့... ၅ နှစ်လောက်နေပြီးတော့ မြန်မာစာ နဲ့ မြန်မာစကားကို အတော်လေးလေ့လာနိုင်ပြီ ရေရေလည်လည် ပြောဆို ‌ရေးသားနိုင်ပြီဆိုပြီးတော့ ဂျပန်ကိုပြန်တော့မယ့် ဘုန်းတော်ကြီးကိုလျှောက်တင်လို့ ဘုန်းတော်ကြီးလည်း အားရဝမ်းသာနဲ့ခွင့်ပြုလိုက်တယ်... ဘုန်းတော်ကြီးက ကျောင်းသားလေးနှစ်ယောက်ကို ဂျပန်ကြီးရဲ့ပစ္စည်းတွေ ကူသိမ်းဖို့ မိန့်‌လိုက်လေရဲ့...


mixture_2.png


ဘုန်းတော်ကြီးကျောင်းသား နှစ်ယောက်လည်း ဂျပန်ကြီးရဲ့ ပစ္စည်းတွေကို ကူသိမ်းပေးနေလေရဲ့... အဲသလို ကူသိမ်းနေရင်း ကျောင်းသားနှစ်ယောက်က "ဟေ့ကောင်- တောက်တိုမယ်ရလေးတွေကျန်နေအုံးမယ်... သေချာသိမ်းအုံးနော်လို့ တစ်ယောက်ကပြောတော့ အေးပါကွာ-မင်းသာ ဗြုတ်စဗျင်းတောင်းတွေ တိုလီမုတ်စတွေ ကျန်မနေခဲ့ပါစေနဲ့... ဘုန်း‌ကြီးသိရင် ဆော်ခံထိလိမ့်မယ်"လို့ ပြောနေသံကို ဂျပန်ကြီးကြားလေတော့ ခဏလေး ပစ္စည်းတွေ မသိမ်းနဲ့တော့လို့ဆိုသတဲ့...ဂျပန်ကြီးက ဘုန်းကြီးသွားလျှောက်လိုက်အုံးမယ်ဆိုပြီးထွက်သွားလေရဲ့... ကျောင်းသား နှစ်ယောက်လည်း ဘာကြောင့်မသိမ်းခိုင်းမှန်းမသိဘူးပေါ့...

ဘုန်းတော်ကြီးလည်း ဂျပန်ကြီးကိုမြင်တော့ ပစ္စည်းတွေ သိမ်းဆည်းပြီးပြီလား မေးတော့ တပည့်တော် မပြန်ဖြစ်တော့ဘူးဘုရာ့ ဆိုတော့ ဘုန်းကြီးက ဘာ‌ဖြစ်လို့လဲပြန်မေးလေရဲ့... တပည့်တော် မြန်မာစာနဲ့မြန်မာစကားကို အကုန်နီးပါးတတ်ပြီထင်လို့ ပြန်မယ်လျောက်တာပါဘုရာ့... ခု ဟိုကျောင်းသားနှစ်ယောက်ပြောနေတဲ့ တောက်တိုမယ်ရ တို့ ဗြုတ်စဗျင်းတောင်းတို့ တိုလီမုတ်စတို့ ဆော်ခံထိဆိုတာတွေကို မသိသေးဘူးဘုရာ့ လို့လျောက်တင်လေတော့ ဘုန်းတော်ကြီးလည်း ဘာပြောရမှန်းမသိပဲနဲ့ ဂျပန်ကြီးကိုသာ ပြူးကြည့်နေမိတော့သတဲ့...

အဲသလို အဲသလောက် ရှုပ်တဲ့ မြန်မာစာနဲ့မြန်မာစကား ပါ... စကားတင်ရှုပ်တာမဟုတ် ကျန်တာတွေလည်း အကုန်ရှုပ်နေတာ မိတ်ဆွေတို့အသိပဲ... လူမျိုးရေး ဘာသာရေး နိုင်ငံရေး အကုန်ကိုရှုပ်နေကြတော့ ကျုပ်တို့မြန်မာနိုင်ငံကြီး ဘယ်တော့များ ရှင်းရှင်းလင်းလင်း ပေါ့ပေါ့ပါးပါး နေထိုင်နိုင်ကြပြီး တိုးတက်လာမလဲတော့ မသိပါ... ခုချိန်ထိတော့ ရှုပ်နေကြဆဲ... နောင်လည်း ရှုပ်နေကြအုံးမှာပဲဆိုတာ သိနေပါတယ်... အရှုပ်ထဲမှာ ရှင်းအောင်နေလို့တော့ ပြောကြပေမယ့် ရှင်းအောင်နေလို့မရတဲ့ အခြေအနေတွေကလည်း ရှိနေပြန်တော့ကာ ဆက်ရေးရင်ပိုရှုပ်ကုန်တော့မှာစိုးတော့ ဒီမှာတင် တစ်ခန်းရပ်လို့ အနားပေးလိုက်ရပါကြောင်း အရှုပ်သားအပေါင်းတို့ 😂

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
9 comments
avatar

အိုဗျာ ရှုတ်ရှက်ကို ခက်နေတာပဲ
!LOL

0
0
0.000
avatar

What do you get when you cross a lamb with a beehive?
Mutton Honey.

Credit: reddit
@ansoe, I sent you an $LOLZ on behalf of @golden.future
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

0
0
0.000
avatar

အဲသလို ရှုပ်တာ တို့လူမျိုးပဲ ရှုပ်မှနေသားကျတယ် 😁

0
0
0.000
avatar

အ​တော်​​ဝေါဟာရကြွယ်ဝတဲ့ လူမျိုးပါ

0
0
0.000
avatar

ဒီထက်ကြွယ်ဝချင်သေးတယ် 😁

0
0
0.000
avatar

ကျွန်တော်ဖတ်ဘူး တဲ့ စာတပုဒ်မှာတော့.... ဝေါဟာရကြွယ်ဝတဲ့ လူမျိုးစုက ပိုပြီးတော့ အနုပညာကို ခံစားတတ်ကြသလို ပိုပြီးယဉ်ကျေးလာကြတယ်တဲ့... အနုပညာ ကို ဖန်တီးရာမှာ ဝေါဟာရတွေက အရေးကြီး တာကိုးလို့.... မြန်မာ တွေ တကယ်ကို ယဉ်ကျေး ခဲ့ဘူးပါတယ်။ ဟိုတချိန်တုန်းကပေါ့...😀😀 !PIZZA

0
0
0.000
avatar
(Edited)

ဝေါဟာရ ကြွယ်မကြွယ်တော့မသိတော့ဘူး... Google Translate မှာ ဘာသာပြန် မှန်အောင်ကို မပြန်နိုင်သေးတာသာကြည့်

0
0
0.000