ဘယ်သွားမှာလဲ?

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

တစ်နေ့သော ညနေခင်းတစ်ခုမှာ ပျင်းပျင်းရှိသည်နှင့် အိမ်ရှေ့ မှာ ထွက်ထိုင်ကာ ဖုန်းလေးကို တယုတယ ပွတ်ကြည့်နေစဉ်အခိုက် မမြင်ရ မတွေ့ရတာကြာပြီဖြစ်သော ငဩပြိုင်ဘီးလေးစီးကာ ကျွန်ုပ်ရှေ့သို့ ကမူးရူးထိုး ဆိုက်ရောက်လာလေတော့သည်... ထိုသို့ ကမူးရူးထိုး စက်ဘီးနင်းလာသည်သာမက ပါးစပ်မှလည်း အရေးတကြီးအော်နေသည်ကား...

"ကိုကြီးစိုး ကိုကြီးစိုး"

ကျုပ်ခမြာ ဖုန်းပွတ်နေစဉ် အလန့်တကြားခေါ်လိုက်သံကြောင့် လက်ထဲကဖုန်းပင် လွတ်ကျမလို ဖြစ်ရပေ၏... ဒီ ငဩလာလိုက်ရင် အမြဲအလန့်တကြားနဲ့ပင်...

ဟေ-ဘာတုံး ငဩရ... မင်းမလဲ လာတိုင်း အလန့်တကြားနဲ့ပဲ

ဒီကောင် ခါတိုင်း ဆိုင်ကယ်ပေါ်ကမဆင်း... ခုတော့ ပြိုင်ဘီးနဲ့ဖြစ်လို့နေတာလည်း အဆန်းတကြယ်ပင်...

ဟကောင်နေစမ်းပါအုံး... စက်ဘီးတွေဘာတွေနဲ့ပါလား ထူးထူးဆန်းဆန်းကွာ

ဒီလိုလေ ကိုကြီးစိုးရ... အခု ကျန်းမာရေးအတွက်လား ဘာလားတော့မသိဘူး... အခုတလော ကောင်မလေးတွေရော ကောင်ထီးလေးတွေရော ပြိုင်ဘီးလေးတွေနဲ့ စီးနေကြတာ မမြင်ဘူးလား

အေး-မြင်သားပဲ... အာဒါဘာဖြစ်တုံး

ခေတ်မီ သူတိုင်း ပြိုင်ဘီးစီးကြသည်ပေါ့ဗျာ

ကဲပါကွာ...ခေတ်မီတာတွေ ခေတ်မမီတာတွေ ခဏထားပြီး ခုဘာကိစ္စ အလန့်တကြားခေါ်နေရတာလဲ... ဘာလာလုပ်တာလဲသာပြောတော့

ဒီကောင်က ငဩလာရင် ပြဿနာတစ်ခုခုဖန်တီးပြီးလာရင်လာ ဒါမှမဟုတ် မေးခွန်းတွေနဲ့ နှိပ်စက်တတ်လို့ ခပ်လန့်လန့်ရယ်...

ဒီလို‌ဗျ... ကျွန်တော်စဉ်းစားမရလို့ ကိုကြီးစိုးလာပြီးမေးကြည့်တာ

ဟကောင် လာပြန်ပြီ... ဒီမှာမှ နေရင်း ထိုင်ရင်းတောင် ဉီးနှောက်ခြောက်နေပါတယ်ဆိုမှ မေးခွန်းနဲ့ နှိပ်စက်ချင်သေးတယ်‌... ခေါင်းအေးအေး နေပါရစေ ငဩ ရယ်

ဟာဗျာ... ကျွန်တော့်မေးခွန်းကို စိတ်ရှည်လက်ရှည် ဖြေပေးတာ ကိုကြီးစိုးတစ်ယောက်ပဲရှိတာ သိရဲ့သားနဲ့ဗျာ... မေးမှာပဲ

အဲ-ဟုတ်တော့လည်း ဟုတ်သည်... ဒီကောင်က လူငယ်အပေါင်းအသင်းများသလောက် တောင်မေး မြောက်မေး မေးခွန်းတွေကိုတော့ ဖြေပေးမည့်သူမရှိတော့ လာလာ နှိပ်စက်တာကို ခံနေရတာပဲ...

ကဲ ကဲ မေးမှာဖြင့် မြန်မြန်မေး... ဦးနှောက်ခြောက်မယ့် မေးခွန်းတွေတော့ မမေးစမ်းပါနဲ့ကွာ

ကျွန်တော်တို့ သေသွားရင် ဘယ်ရောက်သွားမှာလဲ အဲဒါသိချင်တယ်

အဲ လာပါပြီ... ဦးနှောက်ခြောက်အောင်လုပ်မယ့်မေးခွန်း စလာပါပြီ... Stop မလုပ်နိုင်ရင်တော့ ပိုဆိုးပါလိမ့်မယ်...


human_end.png


ဟိုးထား ဟိုးထား ငဩ ခုလို ခေတ်ကာလမကောင်းတဲ့အချိန်မှာ လူတွေမှ ဦးနှောက်‌ခြောက်ပြီး ရူးချင်ချင်‌ဖြစ်နေပြီ... မင်းမေးတဲ့မေးခွန်းက အလွန် ကြီးကျယ်တဲ့ မေးခွန်းကြီး ဖြစ်နေပြီ... တော်တော့ နောက်ထပ် မမေးနဲ့တော့

မမေးနဲ့ဆိုရင်လည်း မမေးတော့ပါဘူး

အဲသလိုနေစမ်းပါ

ခု မေးခွန်းတော့ ဖြေအုံး

ဟာ- မင့်မေးခွန်းက ကြီးကျယ်နေတော့ ငါမဖြေနိုင်ဘူးလေ

ထင်တာတစ်ခုခု ဖြေဗျာ

**ဟာ ဒီကောင် ဇွတ်ပဲ... ကဲကွာ ငါတို့တစ်တွေ သေသွားရင် ဘယ်ရောက်သွားမယ်ဆိုတာ ငါမသိဘူးကွာ... အဲသလိုသိရင် ငါ အလွန်နာမယ်ကြီးတဲ့နေလောက်ပြီ... ကဲကျေနပ်ပေတော့ ကိုရွေဩ ဦးနှောက်ခြောက်အောင် ထပ်မလုပ်ပါနဲ့တော့ ရှိကြီးခိုးပါရဲ့ **

ဟီး ကျွန်တော်စဉ်းစားမရလို့ မေးကြည့်တာကို

အရာရာတိုင်းက စဉ်းစားနေရုံနဲ့မပြီးဘူး... ပြန်တော့ ကိုရွေဩ

နေပါအုံးဗျာ ရေလေးတော့ ‌သောက်သွားပါရစေ

မြန်မြန်သောက်ပြီး မြန်မြန်သာကြွပေရော့

ရေသောက်ပြီးသကာလ မောင်မင်းကြီးသားငဩ နှုတ်ပင်မဆက်နိုင်ပဲ စက်ဘီးနင်းသွားတဲ့ ကောင်မလေးနောက် ဝှီး အလျင်အမြန်လိုက်သွားလေတော့မှ သက်ပြင်းကြီး ဟင်းကနဲချလို့ ဖုန်းလေးပြန်ကိုင်ရ‌တော့တယ်... သူမေးတဲ့မေးခွန်းတွေက မဖြေနိုင်တာလည်းမပြောနဲ့... ဘယ်ကဘယ်လို ကြားလာပြီးမေးမှန်းမသိပေမယ့် ကျွန်တော်တို့ သေဆုံးသွားခဲ့ရင် အားလုံးပြီးသွားပြီလား နောက်ပြီး ဘယ်နေရာ ဘယ်ဒေသ ဘယ်ဘဝကို သွားမှာလဲဆိုတဲ့အတွေးကတော့ ဒီ ငဩကြောင့် ရင်ထဲကျန်နေခဲ့တော့တယ်... ဖုန်းကိုသာ ကိုင်နေမိသော်လည်း ငေးမောရင်းနဲ့ပဲ အချိန်ကုန်သွားရပါတော့တယ်ဗျာ...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
6 comments
avatar

နောက်ဆက်မယ့် သံသရာကိုတွေးမ်ရင် ရင်မေးစရာပါပဲ။

0
0
0.000
avatar

လိုင်းမရလို့ တိုင်ပတ်​နေတယ် ကစိုး​ရေ

0
0
0.000
avatar

ခုကော လိုင်းပြန်ရနေပြီလား

0
0
0.000