ကောင်းမှုမှန်သမျှ လုပ်ဖြစ်အောင်လုပ်

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ယနေ့ခေတ်ကာလ ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ရှိရှိသမျှ သတ္တဝါအားလုံးတို့ဟာ နေ့စဉ်နဲ့အမျှ စားဝတ်နေရေးအတွက် အသည်းအသန်ရုန်းကန်ရှာဖွေနေကြရပါတယ်... စားဝတ်နေရေးအတွက် ခက်ခဲသည်ဖြစ်စေ လွယ်ကူသည်ဖြစ်စေ မခက်မခဲ မလွယ်မကူဖြစ်သည်ဖြစ်စေ လူတိုင်းလူတိုင်း သတ္တဝါတိုင်းအတွက်ကတော့ ဗိုက်ပြည့်ရုံပြင် ပိုမစားနိုင်ကြပါဘူး...

ဘယ်လောက်ပဲ စားစား ဝမ်းဝရုံပဲ စားနိုင်မှာပါ... အဝတ်အထည်တွေ ဘယ်လောက်ပဲ လှလှ မလှလှ ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး တန်ဖိုးနည်းပဲဖြစ်နေပါစေ ကိုယ့်ခန္ဓာကိုယ် အရေပြားကို ဖုံးအုပ်ရုံပဲ တတ်နိုင်ပါတယ်... ဘယ်လောက်ပဲ အိပ်ရာခုတင်တွေကောင်းကောင်း မကောင်းကောင်း ကိုယ်တစ်ကိုယ်စာနေရာလေးအတွက်ပဲ အသုံးပြုနိုင်မှာပါ...



အဲဒီတော့ ပစ္စည်းဥစ္စာဆိုတာတွေကို ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ဖွေရှာနေပေမယ့် နောက်ဆုံးတော့လည်း သူများတွေအတွက် ထားခဲ့ရတာပါပဲ... ဒီတော့ ကိုယ့်တစ်ဘဝစာရှာဖွေနေကြတာက နောင်ရေးအတွက်လား သူများတွေအတွက်လားဆိုတာတော့ အသုံးချသူအပေါ်မှာ မူတည်နေတာပေါ့... အသုံးမချတတ်ရင်တော့ သူများတွေစားသွားမယ်... အသုံးချတတ်သူတွေအတွက်ကတော့ သံသရာအတွက် ယူသွားနိုင်ကြပါလိမ့်မယ်...

ဘာတွေ‌ရေးနေပါလိမ့်လို့မထင်လိုက်ပါနဲ့... လူတိုင်း လူတိုင်း အမြဲတမ်း ရင်ဆိုင်နေရတဲ့ ဘဝဆိုတာကြီးထဲက အချို့အမှန်တရားလေးတွေပဲ ဖြစ်ပါတယ်... ဘယ်ဘဝကနေ လူ့ဘဝကို ရရှိလာမှန်းလည်း မသိဘူး... ဒီတစ်ဘဝ ခန္ဓာချုပ်ငြိမ်းလို့ သေဆုံးသွားခဲ့ရင်လည်း ဘယ်ဘဝကို သွားရောက်ရမယ်ဆိုတာကိုလည်း မသိနိုင်ဘူး... ဒါပေမယ့် အဲဒါတွေကို မေ့လျော့ပြီး ဘဝတွေကို ဖြတ်သန်းနေကြပါတယ်...

မသေဆုံးပဲ နေကြရမည်မဟုတ်တာကိုတော့ လူတိုင်းသိနေတာပဲ... သေရမယ် သေရမယ် တစ်ချိန်ချိန်တော့ သေကိုသေကြရမှာပဲ... မသေခင် ဘာတွေလုပ်နိုင်သလဲ ဘာတွေလုပ်သင့်သလဲဆိုတာကိုတော့ ဘယ်တုံးကမှ မစဉ်းစားခဲ့ဘူးတဲ့‌ ခေါင်းစဉ်တစ်ခုပဲဖြစ်နေတတ်ပါတယ်... သေရင် အလိုအလျောက် နတ်ပြည်ကိုတော့ တက်မသွားပါဘူး...

ငရဲကိုရောက်မလား တိရစ္ဆာန်ဘဝရောက်သွားမလား မကျွတ်မလွတ် ပြိတ္တာ အသူရကာယ် ပဲဖြစ်လို့သွားလေမလားလို့ တစ်‌ချက်လောက် စဉ်းစားမိရင် အကြောက်တရားက ဝင်လာတော့တာပဲ... ဘာကိုကြောက်တာလဲဆိုတော့ မကောင်းတဲ့ဘုံဘဝကို ရောက်ရှိသွားမှာကို ကြောက်လန့်ခြင်းပဲမဟုတ်လား...

မကောင်းတဲ့ဘုံကို မရောက်အောင် ကောင်းမှု ကောင်းတဲ့အလုပ် မှန်သမျှ သေးသေးကြီးကြီး အကုန်လုပ်ကြရမှာပဲ... မကောင်းမှု မကောင်းတဲ့အလုပ်မှန်သမျှ သေးသေးလေးလည်းမလုပ်နဲ့ အကြီးကြီးဆိုရင် ပိုပြီးတော့မလုပ်ကြမှ တော်ကာကြမှာပဲဖြစ်လေတော့ "ကောင်းမှု မှန်သမျှ လုပ်ဖြစ်အောင်လုပ်... မကောင်းမှုမှန်သမျှ မလုပ်ကြနဲ့"လို့ပဲ ပြောလိုက်ရပါတယ်...


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
9 comments
avatar

Congratulations @ansoe! You received a personal badge!

You powered-up at least 10 HIVE on Hive Power Up Day! This entitles you to a level 1 badge.
Participate in the next Power Up Day and try to power-up more HIVE to get a bigger Power-Bee.
May the Hive Power be with you!

You can view your badges on your board and compare yourself to others in the Ranking

Check out the last post from @hivebuzz:

Hive Power Up Month Challenge 2022-08 - Winners List
Be ready for the 9th edition of the Hive Power Up Month!
Hive Power Up Day - September 1st 2022
0
0
0.000
avatar



@htwegyi YOU !PIMP, THE HiQ Smart Bot, has recognized your request. !PIZZA

If you have at least 10 HIQS staked, then juicy votes will follow!


Delegate [HP to @hiq.hive], [BEE to @hiq.bee], [PHOTO to @hiq.photo], [FUN to @hiq.fun] or [PIMP to @hiq.pimp] to support the HiQ Smart Bot and its trails.


For any further questions, please feel free to contact @hiq.redaktion via comment or Discord.

(This is a semi automaticaly created manual curation. Currently I am in the testing phase though !LOL)

0
0
0.000