ကောင်းတယ် မကောင်းဘူး
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
နည်းပညာတွေတိုးခြင်းက ကောင်းမွန်ပါ၏လော? ဒီလိုမေးခွန်းကိုမေးကြည့်မယ်ဆိုရင် ကောင်းတယ်လို့ ဖြေဆိုမယ့်သူက ရာခိုင်နှုန်းများပြားပြီးတော့ မကောင်းဘူးလို့ ဖြေမယ့်သူက ရာခိုင်နှုန်းနည်းပါးလိမ့်လို့ထင်ပါတယ်... နည်းပညာတစ်ခုကြောင့်ကောင်းကျိုးတွေကို ခံစားကြရတဲ့အခါမှာဆိုရင်တော့ ကောင်းတယ်ဆိုတယ်အဖြေကို ဖြေနိုင်ပြီးတော့ နည်းပညာရဲ့ဆိုးကျိုးတွေကို ခံစားကြရတဲ့အချိန်မှာတော့ မကောင်းဘူးဆိုတဲ့ အဖြေကို ပေးကြပါလိမ့်မယ်... မိတ်ဆွေများအနေနဲ့ကော နည်းပညာဆိုတဲ့အရာကို ကောင်းတယ်လို့ ထင်မိလေသလား? သို့တည်းမဟုတ် မကောင်းဘူးလို့ ထင်လေသလား?
ဟိုးအရင်နှစ်ပေါင်းများစွာတုံးကတော့ ဒီလိုနည်းပညာဆိုတာတွေ ပေါ်မှာမဟုတ်သေးတဲ့ ခေတ်တစ်ခေတ်ကို စဉ်းစားကြည့်ချင်မိတယ်.... ခေတ်ဆိုတာကြီးကို နောက်ပြန်ဆွဲပြီးတော့ ငယ်စဉ်ကလေးဘဝက နည်းပညာမတိုးတက်သေးတဲ့အချိန်ကာလ တစ်ခုကို ပြန်လည်အောက်မေ့ချင်မိတယ်... ရွံ့နဲ့လုပ်ထားတဲ့အရုပ်ကလေးတွေ ထန်းလက်ခြောက်နဲ့ လုပ်ထားတဲ့အရုပ်လေးတွေ ရရာသစ်သားတို သစ်သားစလေးတွေနဲ့လုပ်ထားတဲ့ အရုပ်လေးတွေကို အဆိပ်ငွေ့မပါ ရှင်းသန့်တဲ့လေ အေးမြမေတ္တာတွေနဲ့ ပြည့်ဝနေတဲ့ပတ်ဝန်းကျင်တို့ရဲ့ အရသာတွေကို ပြန်လည်ခံစားပြီးတော့ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားချင်သေးတယ်...
ယနေ့ခေတ်ကာလလို နည်းပညာမတိုးတက် မထွန်းကားလို့ နည်းပညာရဲ့အသီးအပွင့်တွေကို မခံစားရပေမယ့်လည်း မေတ္တာတရားတွေနဲ့ ပြည့်ဝတဲ့ လူ့အသိုင်းအဝိုင်း လူ့ပတ်ဝန်းကျင်ရဲ့ နွေးထွေးမှု ကြင်နာမှု ဖေးမကူညီမှုတွေကို ခံစားရရှိနေခဲ့တယ်... နည်းပညာတွေထွန်းကားလာတာနဲ့အမျှ မေတ္တာတရားတို့နည်းပါးလာတဲ့ လူ့အသိုင်းအဝိုင်း လူ့ပတ်ဝန်းကျင် အေးစက်စက်ဖြစ်လာတဲ့ ကြင်နာမှုကင်းမဲ့လာတဲ့ ဖေးမကူညီခြင်းနည်းပါးလာတဲ့ ခံစားချက်တွေကိုပဲ ပေးစွမ်းနိုင်လာတော့တယ်... ဒါဟာ နည်းပညာကြောင့်ပေပဲလား? နည်းပညာထွန်းကားလာရင် မကောင်းမှုတွေပဲ ဖြစ်ပေါ်နိုင်တော့မလား?
နည်းပညာဆိုတာက လူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ရလာတဲ့ အကျိုးတစ်ခုသာဖြစ်ပါတယ်... နည်းပညာက လူတွေကို ဒုက္ခမပေးနိုင်ပါ... လူတွေကသာ လူတွေကို ဒုက္ခပေးနေကြပါတယ်... နည်းပညာကြောင့် လူတွေ ဒုက္ခမရောက်ကြပါ... လူတွေကြောင့်သာ လူတွေ ဒုက္ခရောက်နေကြရပါတယ်... သူ့လူ ငါ့လူ ခွဲခြားလာကြတဲ့ အတ္တ ငါ့တိုင်းပြည် ငါ့လူမျိုးက သူ့တိုင်းပြည် သူ့တိုင်းပြည် သူ့လူမျိုးနဲ့မဆိုင် ဆိုတဲ့ အတ္တ မာန်မာန လောဘ မောဟတွေ ဖုံးလွှမ်းနေတဲ့အတွက် လူကို လူလို့မမြင်နိုင်ပဲ သူ့လူ ငါ့လူ ခွဲခြားလာခဲ့ပြီ... နည်းပညာကို အသုံးချလို့ ကြီးနိုင်ငယ်ညှင်း မေတ္တာတရားတွေ ဆိတ်သုဉ်းလာနေပြီ... လောကကြီးက အမှောင်ထုကြီးစိုးကြတော့မလားထင်မှတ်မိပါတယ်...
နည်းပညာဆိုတာ နည်းပညာသက်သက်ပဲဖြစ်တဲ့အတွက် သူ့ချည်းသက်သက်က လူကို ဒုက္ခမပေးနိုင်ပါဘူး... နည်းပညာကို အသုံးချလို့ လူတွေကို ဒုက္ခပေးချင်ကြသလို နည်းပညာကို အသုံးချလို့ လူတွေကို အကူအညီပေးတဲ့သူတွေလည်း မနည်းပါဘူး... နည်းပညာကို အသုံးချသူရဲ့ ကိုယ်ပိုင်စိတ်ကသာ မေတ္တာမဲ့တာ အကြင်နာမဲ့တာ ဖြစ်နိုင်သလို လူသားအချင်းချင်း မေတ္တာထားနိုင်တာ အကြင်နာထားနိုင်တာတွေ လုပ်နိုင်ပါတယ်... ဓားတစ်လက်အနေနဲ့ ဒီအတိုင်းနေရင် ဘာမှ ကောင်းကျိုး ဆိုးကျိုးမပေးနိုင်သလိုပါပဲ... ကိုင်တွယ်သူရဲ့ စိတ်ထားပေါ်မှာမူတည်ပြီးတော့ ဓားတစ်လက်ကနေ ကောင်းကျိုးတွေ ဆိုးကျိုးတွေဖြစ်ပေါ်လာစေနိုင်ပါတယ်...
လူ ကို လူလိုမမြင်သေးသမျှတော့ လူနဲ့လူချင်း ပြဿနာပေါင်း ကုဋေ ကုဋာနဲ့ တိုတောင်းလှပါတယ်ဆိုတဲ့ လူ့ဘဝကြီးကို အချိန်ကုန်သွားစေခဲ့ရင်တော့ နောက်နောင်ဖြစ်လာမယ့် အကြောင်းတရားကလည်း မကောင်းနိုင်တော့ပါ... အကြောင်းတရားမကောင်းတော့ရင် အကျိုးတရားဆိုတာကလည်း ဘယ်နည်းနဲ့မှ မကောင်းတော့ပါဘူး... အကြောင်းမရှိပဲနဲ့တော့ အကျိုးဆိုတာလည်း မရှိနိုင်တော့ဘူးဆိုတော့ မကောင်းတဲ့ အကြောင်းရှိခဲ့ကြလို့ မကောင်းတဲ့အကျိုးတွေကို ခံစားနေကြရတာပဲလို့ ခံယူမိပါတော့တယ်...
မေတ္တာတရားများ ကမ္ဘာတစ်လွှား လွှမ်းမိုးနိုင်ပါစေ...
အားလုံး
မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ် ဟဲဟဲ။
!PIZZA
!LOLZ
lolztoken.com
I don't think I can run that far.
Credit: reddit
@ansoe, I sent you an $LOLZ on behalf of @golden.future
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)
သိဒယ် သိဒယ် ကမ္ဘာမခြားချင်လို့ ဆေးခန်းကိုခေါ်ထားတယ်ဆိုတာ 😂
PIZZA Holders sent $PIZZA tips in this post's comments:
@golden.future(1/5) tipped @ansoe (x1)
Please vote for pizza.witness!
မေတ္တာခြုံလို့ လုံနိုင်ပါစေ
ပါးစပ်ကပဲ မေတ္တာခြုံနေကြတာများနေသလားပဲ
မေတ္တာတရားနဲ့ ကျောက်ခေတ်များဆီလည်း ပြန် အလည်သွားချင်မိ
အမှန်ပဲ ကျောက်ခေတ်မှာ ကျောက်လက်နက်တွေက လူတွေကိုတော့ အစုလိုက် အပြုံလိုက် မသေစေနိုင်ဘူး မေတ္တာတရားလည်းခုေခတ်ေလာက် မခေါင်းပါးသေးဘူး ထင်ပါ့
Congratulations @ansoe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!