ကိုယ်ပိုင်ကတ်ဖန်တီးကြည့်ခြင်း

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီနေ့တော့ Splinterlands Game ကစားတဲ့သူတွေအတွက် ကိုယ်နှစ်သက်ရာ ကတ်တွေကို ဖန်တီးနိုင်မယ့် Website လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ... Website လေးအကြောင်း သေချာသိတာမဟုတ်ပဲ ဟိုနှိုက် ဒီနှိုက်နဲ့ တွေ့လာတာဖြစ်တဲ့အတွက် ဘာကို ဘယ်လိုအသုံးချနိုင်မယ်မှန်းတော့ မသိဘူးနော်... ဒီတော့ မေးခွန်းတွေ မေးလာရင်လည်း အင်း အဲဒါ ဟိုလို ဒီလိုနဲ့ အဆုံးသတ်သွားနိုင်လို့ ကြိုအသိပေးထားရတာပါ 😁 အပျင်းပြေ အပျော်သသဘောလောက်ပဲ အသုံးပြုသလားပဲ... ခက်တာက ကျုပ်မလဲ တစ်ခုခုသိပြီဆိုရင် ဆရာလုပ်လိုက်ရမှ ခေါင်းမခဲတာပဲ 😂...


splinterlands_ansoe.png


အဲဒီ Website ရဲ့ Link ကတော့ https://splinterlandscardmaker.com/ ပဲဖြစ်ပါတယ်ဗျ... အဲဒီ Link ကို နှိပ်ဝင်လိုက်မယ်ဆိုရင် အောက်မှာပြထားတဲ့အတိုင်း Welcome Screen ကိုမြင်ရပါမယ်...


card.png


ပေါ်လာတဲ့ Welcome Screen ကိုပိတ်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရမှာပဲဖြစ်ပါတယ်...


card_1.png


အဲသလိုပေါ်လာပြီဆိုရင်ဖြင့် ကိုယ်လိုချင်တာ ကိုယ်ပြောင်းချင်တာကို ပြောင်းချင်သလိုသာပြောင်းနိုင်ပြီဖြစ်တဲ့အတွက် လုပ်ချင်ရာသာ လုပ်ကြပေတော့ ☺️


card_2.png


Mana cost ကိုပြင်မလား? Stats တွေကိုပြင်မလား? Splinter/Rarity ကိုပြင်မလား? Ability ကိုပြင်မလား? Level ကိုပြင်မလား? Experience ကိုပြင်မလား? ကဲ-စိတ်ကြိုက်သာ ပြင်ချင်ရာပြင်ပေတော့...


screenshot_241.png


screenshot_242.png


screenshot_243.png


အောက်ပုံကတော့ Card Name ရယ် Level ရယ် Abilities ရယ်ကို ပြင်ရမယ့်အဆင့်ပါ...


card_3.png


အောက်ပုံကတော့ ကျုပ်လက်ကမြင်းပြီးလို့ ထွက်လာတဲ့ Card ပေါ့ 😁


card_4.png


အဲ နောက်ထပ် ဘာမှ ထပ်ရေးပြစရာမရှိတော့ဘူး... ကျုပ်သိထားတာကလည်း ဒါလောက်ပါပဲ... အားလုံးပဲ ကိုယ်ပိုင် ကတ်လေးတွေ စိတ်ကြိုက်ပြုပြင်ပြီး ကျေနပ်နိုင်ကြပါစေ....

အားလုံးကိုလေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
15 comments
avatar

ကတ်ဈေးနှုန်းရောဖွင့်လို့ရသေးလားဗျ စိတ်ဝင်စားလို့ !LOL !LUV !PIZZA

0
0
0.000
avatar

A jumper cable walks into a bar..
The bartender says, I'll serve you, but don't start anything.

@ansoe, I sent you an $LOLZ on behalf of @nayhlaingsoe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/2)

0
0
0.000
avatar

အဲဒါတော့သိဘူးရယ် 😁

0
0
0.000
avatar

အဲ့လို ဖန်တီးပြီးတော့သာ NFT အဖြစ် ရောင်းလို့ရရင်

!LOL

0
0
0.000
avatar

ဟုတ်တယ်ဟ ရောင်းလို့ရလားရှာကြည့်လေ

0
0
0.000
avatar

စိတ်ကြိုက်ကဒ်နဲ့သာ ချခွင့်ရရင် :P !LOL

0
0
0.000
avatar

I sent my girlfriend a 'Get Better' card.
She's not sick, or anything - I just think she can get better..

@ansoe, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

0
0
0.000
avatar

ချချင်ရာနဲ့သာချ

0
0
0.000
avatar

!LOL ထူးရှယ်ကဒ်ပါလား

0
0
0.000
avatar

Hotel receptionists are creepy.
They spend all day checking people out.

@ansoe, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

0
0
0.000
avatar

အယ် ဘယ်ကလာ ထူးရှယ်ကတ်ရမလဲ... ထူးထူးရှယ်ကတ်ပါ ကွှီးရွှေရ

0
0
0.000
avatar

ကိုယ်ပိုင် ကဒ်ဖန်တီးပြီး ရောင်းကောင်းလာရင်လည်း ကိုဟင့်ကို မျှပေးအုံးနော့... Gaming ဘက်ကို နားမလည်လို့ပါ။ !LOL. !PIZZA

0
0
0.000