မော့ကြည့်အုံးမှာပဲ

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ကျွန်တော်အပါအဝင် စာရေးနေကြသူတွေကို တွေးကြည့်မိတဲ့အခါမှာ လူကြီးတွေ ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို သွားသတိရလိုက်မိတယ်... အမူးပြေရင် ထန်းပင်မော့ကြည့်တယ်ဆိုတဲ့စကားလေးပါ... အဲ ဆိုင်လည်းမဆိုင်ပဲနဲ့လို့ထင်စရာပဲ... စာရေးနေကြတဲ့သူတွေထဲမှာ ငမူး တွေမှမပါတာလို့ဆိုကြပေလိမ့်မယ်... အမှန်ကတော့ အဲသလိုပြောလိုရင်းမဟုတ်ပါဘူး... စာရေးနေကြတဲ့သူတွေထဲမှာလည်း ငမူး အများကြီးမပါပါဘူး... နဲနဲလေးတော့ပါချင်နိုင်ပါတယ်လေ 😄


toddy.png


အမူးပြေရင် ထန်းပင်မော့ကြည့်တယ် ဆိုတဲ့စကားကလည်း ငမူးတွေကိုသာ ရည်ရွယ်ပြီး ပြောခဲ့တာမဟုတ်ဘူးလို့ထင်ပါတယ်... လူတွေအားလုံးက ကိုယ်ကြိုက်နှစ်သက်ရာ အလုပ်တစ်ခုကို အရူးအမူး စွဲစွဲလန်းလန်းလုပ်ပြီးသွားတဲ့အခါမှာ တော်ပါပြီ စိတ်ကုန်ပါပြီဆိုပြီး အဲဒီ အလုပ်ကို မလုပ်တော့ပဲပစ်ထားလိုက်တယ်... ဒါပေမယ့် အဲဒီအလုပ်ကို အချိန်အတိုင်းအတာတစ်ခုထိ ပစ်ထားပြီး ပြန်စိတ်လည်ပြီးတော့ ပြန်လုပ်တယ်ပေါ့... အဲလိုဟာဖြစ်တတ်တာကို ရည်ညွှန်းပြီးတော့ *အမူးပြေရင် ထန်းပင်မော့ကြည့် လို့ပြောခဲ့ကြတာဖြစ်မယ်...

ဆရာဝန်တစ်ယောက်ကပြောဖူးတာကို ကြားဖူးတယ်... သူဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်တုံးက မွေးခန်းဝင်ပြီးတော့ မွေးလူနာတွေကို မွေးပေးရတယ်တဲ့... မွေးခန်းထဲရောက်လို့ မမွေးနိုင်ခင်မှာ ကိုယ်ဝန်ဆောင်အတော်များများဟာ ကလေး မွေးမပြီးမချင်း ယောက်ျားဖြစ်သူကို နည်းပေါင်းစုံနဲ့ ကျိန်ဆဲနေတတ်တယ်တဲ့... ဒီတော့ဆရာဝန်က မေးကြည့်တယ်... ဒါလောက်ဒုက္ခခံရတာ နောက်ထပ်မွေးအုံးမလားဆိုတော့ အမလေး တော်ပါပြီ တန်ပါပြီ ကြောက်ပါပြီလို့ ဆိုကြသတဲ့... ဒါပေမယ့် အဲလိုပြောခဲ့တဲ့ ကိုယ်ဝန်ဆောင်တွေက နောက်တနှစ် အဲဒီလိုအချိန်မှာပဲ ဆေးရုံကို ပြန်ရောက်လာပြီး နောက်ထပ်ကလေးလာမွေးပြန်တာပဲတဲ့... ဒါလည်းပဲ အမူးပြေတော့ ထန်းပင်မော့ကြည့်လို့ ဆိုတာသေချာတာပေါ့ 😝

ခုကျွန်တော်တို့တစ်တွေလည်း Hive ဈေးလေးကောင်းတုံး အုံးအုံးကျတ်ကျတ်နဲ့ စာတွေရေးတင်လိုက်ကြတာ မမူးမချင်းပေါ့... အဲ Hive ဈေးလေးလည်ကျသွားတာ အချိန်တော်တော်လည်းကြာရော မူးကုန်ကြပါရောလား... မမူးကြတဲ့သူတွေလည်း ကျန်နေခဲ့သေးတာပဲ... အဲ အမူးလေးတွေလည်းပြေ Hive ဈေးလေးကလည်း လှုပ်တုပ်တုပ်ဖြစ်လာကရော အမူးပြေပြီးတော့ စာတွေထရေးကြပြန်တာ ဝက်ဝက်ကွဲစည်ကားလာပြန်ရောမဟုတ်လား... အာ့ကြောင့်ပြောပါတယ်... အမူးပြေရင် Hive ကိုပြန်ကြည့်ကြပါတယ်လို့ဆို 😁

ခုမှစလို့ ထန်းပင်မော့ကြည့်ပြီး ထန်းရည် သောက်တဲ့သူတွေကလည်း အများအပြားတွေ့ရသဗျို့... သူတို့နည်း သူတို့ဟန်နဲ့ လုပ်ကိုင်နေကြတဲ့သူတွေကိုလည်း တွေ့ရတာ ဝမ်းသာရမလား ဝမ်းနည်းရမလား မိသိန်းကြည် ဆိုသလို ဇဝေဇဝါနဲ့ မမူးသေးမချင်းတော့ ဆက်လက်ချီတက်နေဆဲပါပဲ 😄 မူးသွားလဲပဲ အမူးပြေရင် ကလေးမွေးကြအုံးမယ်မဟုတ်လား 😂

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
8 comments
avatar

မမူးသေးလို့လား မသိ ဆက်သောက်နေမိတုန်းပဲ။
!LOL

0
0
0.000
avatar

,,နီက ကြွက်တွင်းလေ ဘယ်မူးမလဲ 😂

0
0
0.000
avatar

မူး​အောင်​သောက်လိုက်ရမလားပဲ မမူးတမူးဆို သတိလည်​နေမှာစိုးလို့😃

0
0
0.000
avatar

ခုမှ အမူးပြေပြီး ထန်းပင်မော့ကြည့်တာကို ထပ်မူးချင်သေးတာလား 😀

0
0
0.000
avatar

ခုထိ မော့မော့ ပဲဗျို့... မော့နေတုန်းပဲ..

0
0
0.000
avatar

မော့မော့နေတုံးပဲဆိုတာ ယုံကြည်ပြီးသားပဲ 😄

0
0
0.000