ဖောက်ပြန်လေသော ရာသီ

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီကနေ့တော့ ရာသီဥတုက ဖောက်လွဲ ဖောက်ပြန်ဖြစ်လို့နေတဲ့အပြင် လေကလည်း တဖြူးဖြူးတိုက်ခတ်လို့ နေပါတယ်... ရာသီဥတုပြောင်းလဲခြင်းက ပြင်းထန်တယ်လို့ ဆိုရမှာပဲ... ခု ပူနေလိုက် ခဏနေအေးသွားလိုက် တော်ကြာနေ ပူသွားလိုက်နဲ့ အပြောင်းအလွဲတွေက် မြန်ဆန်တဲ့အပြင် ပြင်းထန်တယ်လို့လည်းထင်ပါတယ်... ရာသီအကူးအပြောင်းကာလမှာက ကျန်းမာရေးဖောက်ပြန်တတ်လို့ ဂရုစိုက်ကြဖို့လိုပါလိမ့်မယ်... ရာသီအကူးအပြောင်းမှာ ပူပြင်းတဲ့နွေရာသီကို ကူးပြောင်းမှာဖြစ်လို့လည်း မီးဘေးအန္တရာယ်တွေကိုလည်း ဂရုစိုက်သင့်ပါတယ်...


fire.png


နွေရာသီကာလကိုမရောက်သေးတာတောင် ဟိုနားကလောင် ဒီနားကလောင်နဲ့ ဖြစ်နေတဲ့မီးကို သတိပြုကြဖို့လိုပါတယ်... မီးလောင်တာကလည်း တို့မီး ရှို့မီးတွေလည်း ပါနိုင်ပါတယ်... ပေါ့ဆလို့လောင်တဲ့မီးကလည်း များလှသမို့ မပေါ့ဆဖို့လည်း သတိပြုကြရပါလိမ့်မယ်... အဲဒီ ကြာသပတေးနံတွေက အတော်ဒုက္ခပေးနေတယ်... ကြာသပတေးနံတွေကို ဂရုတစိုက်နဲ့ ဆက်ဆံလုပ်ကိုင်နေရတယ်... အိမ်က မိန်းမကြီးကစလို့ပေါ့‌ 😁 အဲဒီကြာသပတေးနံကို‌တော့ မနိုင်အောင်ပါပဲ... ကြာသပတေးနံတွေက တစ်တိုင်းပြည်လုံးကို ဒုက္ခပေးနိုင်စွမ်းတယ်ဗျို့... ဒီကြားထဲ အုံမာခင် ကြောက်နေရသေးတယ်...

ဆောင်းအကုန် နွေအကူးက လေရူးထတဲ့ နွေဦးရာသီကာလဖြစ်တာကြောင့် ပေါ့ဆမီး တို့မီး ရှို့မီးတွေကိုလည်း ဂရုစိုက် ကျန်းမာရေးကိုလည်း ဂရိုစိုက်လို့ပဲ သတိပေးပါရစေ... တိုးတက်လာတဲ့ ခေတ်ကြီးက တိုးတက်တဲ့ အသိဉာဏ်ပညာတွေ ရုပ်ဝတ္ထုပစ္စည်းတွေကို ပေးလာခဲ့တယ်... နောက်တဖက်ကလည်း တိုးတက်လာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင် ရာသီဥတုတွေကိုလည်း ထိခိုက်‌ပျက်စီးလာခဲ့စေပါတယ်... တိုးတက်လာတာနဲ့အမျှ စာပေတွေကို စာအုပ်စာတမ်းနဲ့ ဖတ်ရှုတတ်တဲ့ အလေ့အကျင့်တွေကလည်း ပျောက်ကွယ်လုနီးပါးဖြစ်လာခဲ့ပါတယ်... တိုးတက်လာတာနဲ့အမျှ လူနေမှုစရိုက်တွေကိုလည်း ပြောင်းလဲစေခဲ့ပါတယ်...


now_family.jpg


ကြည်လင်တဲ့ကောင်းကင်ပြင်မှာ မှုန်မှိုင်းတဲ့အရာတွေက ဖုံးအုပ်လွှမ်းလို့နေခဲ့ပါပြီ... လေထုသည်လည်း မသန့်မရှင်းဖြစ်လာတဲ့အတွက် လူတို့ရဲ့ကျန်းမာရေးကလည်း သဘာဝပတ်ဝန်းကျင်နဲ့အတူ ဆိုးရွားခဲ့ကြရပါပြီ... ပျက်စီးမှ ပြုပြင်ထိန်းသိမ်းခြင်းက မပျက်စီးခင်က ထိန်းသိမ်းမှုလောက် မလွယ်ကူတော့ပါဘူး... ပေါက်ပြဲသွားတဲ့အရာတစ်ခု ကွဲပြဲနေတဲ့အရာတစ်ခု ဆုံးရှုံးသွားခဲ့တဲ့ကျန်းမာရေးက မပေါက်မပြဲ မကွဲမရှ မဆုံးရှုံးခင်အချိန်တုံးကလို အကောင်းပတိ ပြန်ဖြစ်ဖို့ဆိုတာ တကယ်မလွယ်ကူတော့ပါ...

လူ့ဘဝသက်တမ်းက တိုတို‌လေးပါလို့ပြောနေကြပေမယ့် တကယ့်တိုတိုလေးဆိုတာကို လက်ခံပြီး ကောင်းမှုတွေလုပ်ဖို့ သတိရနေတတ်တဲ့ သူတွေက ဘယ်လောက်များများရှိနိုင်မလဲ... ကောင်းမှု နဲ့ မကောင်းမှုကိုတောင် ‌ကွဲပြားခြားနားတာကို သေချာမသိတဲ့သူတွေတောင် ရှိနေသေးတော့ လူ့ဘဝဆိုတာ တိုတောင်းလွန်းပါတယ်လို့ ပြောရုံသာ ပြောနေတတ်တဲ့သူတွေက ပိုများနေတာ သေချာပါတယ်... ကနေ့ကတော့ ဆိုးရွားနေတဲ့ ရာသီဥတုကိုကြည့်ရင်း စိတ်ကူးပေါက်ရာ ရေးကာတင်သမို့ တောင်ရောက် မြောက်ရောက် ဖြစ်နေတာကို စိတ်မရှိပဲနဲ့ ဖတ်ကြပါတော့...

ပညာရပ်တစ်ခုအကြောင်းရေးချင်တယ်ဆိုရင် အချိန်အတော်ယူကြရပါတယ်... အဲဒါအပြင် ရေးထားတာတွေကလည်း မှန်ကန်နေဖို့လိုအပ်မှာဖြစ်တဲ့အတွက် ပညာရပ်နဲ့ ပတ်သက်လို့ ရေးတဲ့သူတွေ နည်းနေတာဖြစ်ပါလိမ့်မယ်... အဲဒါကြောင့်လည်း စိတ်ကူးပေါက်ရာ ရေးတင်ကြရတာပဲလို့လည်း ထင်ပါတယ်... နောက်ရက်များမှာတော့ တတ်နိုင်သမျှ ကိုယ်သိသမျှ အန်ဖတ်တီ အကြောင်း‌ဆက်ရေးပါအုံးမယ်... ခုတော့ ပေါက်ကရစာတွေဖတ်ပြီး ပေးချင်တဲ့ မှတ်ချက်သာ ပေးကြပေရော့...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
13 comments
avatar

ရာသီကူး ကြမ်းချက်က ငဗစ်နဲ့ ပေါင်း နှိပ်စက်လို့ ဖျားနာ ချောင်းဆိုး နှာစီး ခေါင်းနောက် ဝမ်းလျှော စုံပါလေရောဗျာ
!LOLZ

0
0
0.000
avatar
(Edited)

ဆေးစရာတွေ ဂွင်ပဲပေါ့

0
0
0.000
avatar
(Edited)

ရာသီအကူး က သတိထားရတယ်ပ။
!PIZZA

0
0
0.000
avatar

ဒီနှစ်ကတော့ အထူး အထူး သတိထားရမှာပါ

0
0
0.000
avatar

​နွေအကူးမို့ ​လေရူး​တွေလည်း ----😊😊😊

0
0
0.000
avatar

သီချင်းလာဆိုသွားသည်လို့ မှတ်တမ်းတင်ထားလိုက်ပါမယ် 😁

0
0
0.000
avatar

မီးနဲ့ ရောဂါ နဲ့ သူခိုး နဲ့ ဓမြနဲ့ ရာသီဥတု နဲ့ ကြင်စိုးနဲ့ ရှိသမျှ ရန်သူမျိုး ၁၇၅ ပါး မြန်မာပြည်ကိုရောက်နေတယ်😁😁

0
0
0.000
avatar

ရန်သူတွေဝိုင်းနေသော ပြည်သူလူထုကြီးခင်ဗျား 😁

0
0
0.000
avatar

အားလုံးက ဖောက်ပြန်နေကြတယ် !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

ဖောက်လွဲဖောက်ပြန် အို လောကဓံ

0
0
0.000