ဖွလက်စနဲ့

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

NFT အကြောင်းကို ဖွလက်စနဲ့ဆက်လက်ပြီးတော့ ဖွပါရစေ... NFT လောကကို ဝင်တိုးဖို့အတွက် အခေါ်အဝေါ်လေးတွေကို အရင်လေ့လာထားရမှာပဲဗျို့... လေ့လာထားစရာ စကားလုံးတွေကလည်း အများကြီးတော့မရှိလောက်ဘူးထင်တယ်... များများ မများများ လေ့လာသင့်သလောက်တော့ လေ့လာထားသင့်တယ်... တနေ့ကရထားတဲ့ ကတ်ကို သူများတွေကတော့ ရောင်းတဲ့သူတွေကရောင်း Bit ခေါ်တဲ့သူတွေကခေါ်နေကြလေရဲ့... အဲ-ကိုယ်ကတော့ ဘာမှန်းသေချာမသိလေတော့ ရောင်းလည်း မရောင်းတတ်သေး Bit လည်းမခေါ်တတ်သေး ဆိုတော့ကာ ဒီအတိုင်း အလှထိုင်ကြည့်နေရတာပဲ...


nft.png


အဲဒီမှာ Bit ဆိုတာဘာလဲဆိုတာ သိဖို့အတွက် လိုလာပါပြီ... Bit ဆိုတာဘာလဲ? မသိဘူး လုပ်နေလို့မဖြစ်တော့... အဲဒီမှာ ပြဿနာတက်နေတော့တာပဲ... သိချင်လို့ လိုက်ရှာနေတော့လည်း အ‌ဖြေက လွယ်လွယ်နဲ့မရနိုင်... Bit ဆိုတာကိုလုပ်ရမလား? Trade ရမှာလား? Sell ရမှာလား? ဆိုတာမသိလေတော့ ထိုင်ကြည့်နေရတာဆိုတော့ ခုလောလောဆယ်တော့ ဘာမှလုပ်မရပဲ မျောက်အုံးသီးရသလိုဖြစ်နေတယ်😂 ခေါင်းပဲခုအိပ်ရတော့မလား? ကိုင်ပဲပေါက်ပစ်လိုက်ရမလား? သူများပဲလှမ်းထုရတော့မလား? ဘာမှန်းမသိ... Platform တစ်ခုနဲ့တစ်ခု အသုံးအနှုန်းမတူတာတွေလည်း ရှိနေလေတော့ ရမ်းသမ်းလုပ်လို့ကလည်း အဆင်မချောသေးတော့ အလှထိုင်နေတာ အကောင်းဆုံးပဲဖြစ်မယ်... ဒါပေမယ့် ဒီနေ့တော့ အသိ အသစ်လေးတွေတော့ တိုးလာခဲ့ရပါတယ်...


screenshot_516.png


NFT မှာကလည်း လေပြုတ်ကျဆိုတဲ့ Airdrop လည်းရှိပါတယ်... အဲဒီ လေပြုတ်ကျတွေကို ကောက်ယူချင်ဆိုရင်တော့ အများအားဖြင့်တော့ သူတို့ရဲ့ Discord Channel တွေကို Join ရတာတွေ သူတို့ရဲ့ အကောင့်တွေကို Invite ဘယ်နှစ်ယောက်လုပ်ရမယ်ဆိုတာတွေ Follow လုပ်ရတာတွေ သူတို့ရဲ့ Post တွေကို Share လုပ်ပေးရတာတွေ ရှိပါတယ်... လေပြုတ်ကျတွေကို ကောက်ဖို့ဆိုရင် အဲသလိုလုပ်ရင် ရနိုင်ပေမယ့် အချိန်ပေးပြီးတော့ သူတို့ခိုင်းသမျှလိုက်လုပ်ပေးနိုင်မှ NFT လေးတွေရလာမှာပါ... သူတို့သဘောကျတယ် Discord Channel တွေမှာ Active ဖြစ်တဲ့သူတွေကို ပေးတာက များတဲ့အတွက် အချိန်တော်တော်ပေးရပါလိမ့်မယ်...


screenshot_517.png


ကဲ-သိသလောက်ဖွဖို့ရာကို ဘာမှမသိသလောက်ဖြစ်နေတော့ ဘာဆက်ရေးရမယ်မသိတော့ဘူး... ဆရာ့ ဆရာတွေ ပေါ်လာမှ ဖြစ်မှာပဲ ကိုယ်လိုက်နိုင်တဲ့ အတိုင်းအတာက ဒီလောက်ပဲဆိုတော့ ဆက်လိုက်နေလည်းပဲ ဘာမှန်းသိလေတော့မည်မဟုတ်သလောက်ပဲ... အဲ-ဒါပေမယ့်လည်း အများဆုံး သိထားသင့်တဲ့ အခေါ်အဝေါ်တွေကတော့ OS, MM, Mint/Minting, Gas, Gas War, FUD, Floor/Floor Price, Burn, Airdrop, Digital Wallet စတာတွေပဲဖြစ်ပါတယ်... အခုဖော်ပြထားတွေထက် ပိုများတဲ့အသုံးအနှုန်းတွေလည်း ရှိနိုင်ပါတယ်... သိသလောက်ရေးလိုက်တာပဲဖြစ်ပါတယ်... အချို့အသုံးအနှုန်းတွေကိုတော့ ရင်းနှီးပြီးသားတွေဖြစ်လို့ လွယ်ကူနိုင်ပေမယ့် အချို့အသုံးအနှုန်းတွေကတော့ ဘာမှ ကို ဘာမှန်းမသိပါဘူး... ဆက်လက်လေ့လာ စောင့်ကြည့်ပြီးတော့ ဖွလက်စနဲ့ ဆက်ဖွနေပါအုံးမည် NFT ရယ်😂

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
11 comments
avatar

ကစိုး​ရေ ဆက်​လေ့လာထားပါ ဒီလိုနဲ့ ​နေရာတစ်ခု​တော့ ရ​ကောင်းပါရဲ့!LUV!LOL!

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@suhlaing, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

နေရာတစ်ခု‌ေတာ့ ရလာမှာပါ ဖြစ်‌ချင်တာတွေကလည်း များလွန်းနေတယ် ကိုယ့်မိတ်ဆွေတွေကိုလည်းလမ်းညွှန်ပေးချင်တယ် 😂

0
0
0.000
avatar

အောင်မြင်ပါစေဗျာ
!PIZZA

0
0
0.000
avatar

ကျေးဇူးပါ Bro တို့လေ့လာနိုင်ရင် ကောင်းမယ်ဗျ

0
0
0.000
avatar

ဟုတ်တယ်ဗျ ကျယ်ပြန့်လွန်းတော့ ဉာဏ်မမီဘူး

0
0
0.000
avatar

မှီသလောက်ပေါ့လေ

0
0
0.000
avatar

Hive မှာလည်း NFT market ရှိပါတယ်..!LUV

0
0
0.000
avatar

ဟုတ်ဆာဟင် သေချာမသိသေးတာလို့ပဲပြောရမှာပဲ 😁

0
0
0.000