စိတ်ဝင်စားစရာ အတုအယောင်ကမ္ဘာ

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

Digital လောက Crypto လောက Blockchain လောကတွေမှာ ခုတစ်လောခေတ်စားလာတဲ့ NFTs‌ အကြောင်းကို ကျွန်တော်တို့ရဲ့ မြန်မာ ဟိုက်ဗာများက စိတ်ဝင်စားခြင်းနည်းနေလေသလားမသိ... ကျွန်တော်နားလည်သလောက် လိုက်လံလေ့လာနေပါသော်ငြားလည်း ကောင်းစွာနားလည်ခြင်းမရှိသေးပါ... လေ့လာမှုအားနည်းတာကတစ်ကြောင်း အချိန်‌ကောင်းစွာမပေးနိုင်သည်ကတစ်ကြောင်း အင်္ဂလိပ်စာကို ကောင်းစွာနားမလည်ခြင်းကတစ်ကြောင်း စတဲ့အကြောင်းကြောင်းကြောင့် NFTs ကို ကောင်းစွာနားမလည်ခြင်းလည်းဖြစ်ပါတယ်...


nft1.png


နားမလည်သော်ငြားလည်း သူဌေးဖြစ်နည်းလမ်းတစ်ခုဖြစ်နေလေတော့ စိတ်ဝင်စားမိတာတော့ အမှန်ပဲ😆 စိတ်ဝင်စားလို့လေ့လာကြည့်တော့လည်း သေချာနားမလည်ဘူးဖြစ်နေတော့ ရွာလယ်တယ်ဆိုတာ ဒါမျိုးပဲလားပေါ့... လဲလှယ်လို့ မရတဲ့ ဘောက်ချာတိုကင်(Non-fungible Token)ဆိုတာကို တွေးစဉ်းစားမိတော့ လဲလှယ်လို့မရတဲ့တိုကင် ဆိုတော့ ဘာနဲ့မှ လဲလို့မရဘူးပေါ့... လဲလှယ်လို့မရမှတော့ ဘာလုပ်ရမလဲပေါ့ ကိုယ်စဉ်းစားမိတာ‌ပါ... အရေးကြီးဆုံးကတော့ လဲလှယ်လို့ မရသော်ငြားလည်း ရောင်းစားလို့ရတာကိုး‌...


nft_.png


ကျန်တာတွေဘာလုပ်ရရ မရရ ရောင်းစားလို့ရဖို့က အဓိကပဲလေ... ရောင်းစားလို့ရခဲ့ရင်လည်း ဆွေစဉ်မျိုးဆက် စားပေရော့ဆိုတဲ့ ပိုင်ဆိုင်မှုဖြစ်တော့ လုပ်သင့်တယ်ဆိုပြီး လေ့လာနေပါသော်လည်း သေချာဘာမှမသိသေး... နာမည်ကြီးပရောဂျက်တွေ ရဲ့ လက်ဝေခံလုပ်မှလည်း အဆင်ပြေနိုင်မယ်လို့ထင်တယ်... သူတို့ခိုင်းသမျှတွေကို လိုက်လုပ်ပေးတဲ့ တောက်တိုပေါ့ ... ကိုယ်တိုင်တွေ့ကရာတင်ရောင်းပေမယ့် အဆင်မပြေနိုင်ဘူး... သူတို့ခိုင်းတာလေးတွေကို တက်တက်ကြွကြွလိုက်လုပ်ပေးနိုင်ရင် အချိန်ပေးနိုင်ရင် WL ဆိုတဲ့ White List သတ်‌မှတ်ပြီးတော့ အခွင့်အရေးလေးတွေ ပေးတတ်ပါတယ်... ထားကြပါစို့ရဲ့... ကိုယ်တိုင်မလုပ်နိုင်သေးတော့ ဘာမှရေရေရာရာမပြောနိုင်ဘူး...

NFTs ကိုလုပ်ကိုင်တာက Blockchain မှာထက် အများကြီးသာနေတာ တွေ့ရပါတယ်... နောင်လာမယ့်အနာဂတ်ကာလမှာ AI လို့ခေါ်ကြတဲ့ Artificial Intelligence ဆိုတာ အသိဉာဏ်တုတွေ ခေတ်စားလာတာနဲ့အမျှ အတုအယောင် ကမ္ဘာကြီးဖန်တီးလာကြမှာဖြစ်ပါတယ်... အတုအယောင်တွေဖြစ်ပေမယ့် အစစ်အမှန်တွေထက် ဈေးကြီးနေပါလိမ့်မယ်... အတုအယောင်မြေကွက်တွေ အတုအယောင် အဆောက်ဦတွေ အတုအယောင် ယာဉ်ပိုင်ဆိုင်မှုတွေဖြစ်လာကတော့မှာ အမှန်ပဲ... လူတောင် အတုအယောင်တွေက လူအစစ်တွေထက်ပိုပြီးတော့များ အရေးပါလာလေမလားတော့မသိဘူး...

NFT တစ်ခုကို လူတိုင်းကကြည့်ရှုနိုင်ပြီး သဘောကျတယ်ဆိုရင် ဒေါင်းလုပ်ဆွဲချ ပုံတွေထုတ်နိုင်ပါတယ်တဲ့ဗျာ... ဟာ အဲသလို အလွယ်တကူ ယူလို့ရ လုပ်ချင်ရာလုပ်လို့ရတဲ့ဟာကိုများ ဘယ်လိုအရူးတွေက ငွေကြေးအကုန်ခံ ပိုက်ဆံတွေပုံပေးပြီး ဝယ်နေကြတာလဲ လို့မေးချင်စရာဖြစ်လာတယ်... အပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းအခုံလုပ်လာတဲ့အခါမှာ အရေးပါလာတာ အရေးကြီးလာတာက NFT ပဲဖြစ်ပါတယ်... ဘယ်သူပိုင်ဆိုင်တာလဲဆိုတာကို NFT ကဖော်ပြပေးနိုင်ပါတယ်... ပိုင်ဆိုင်မှုအထောက်အထားတွေကို NFT က သက်သေပြနိုင်ပါတယ်တဲ့... အဲဒါကြောင့် ပိုင်ရှင်အစစ်အမှန်ကို အလွယ်တကူ သိနိုင်ပါသတဲ့... ကျွန်တော်တို့လူမျိုးနဲ့တော့ သိပ်မကိုက်သလိုလိုပဲ😁

အဲသလိုအကြောင်းတွေကြောင်း တကမ္ဘာလုံးက အနုပညာရှင်တွေ ဖန်တီးရှင်တွေက NFT တွေကို ပိုပြီးတော့ စိတ်ဝင်စားလာခဲ့ကြပါသတဲ့... သူတို့ဖန်တီးတဲ့ အနုပညာလက်ရာတွေ သီချင်းတွေကို သူတစ်ပါးကိုမှီခိုပြီး လေလံတင်ရောင်းချဖို့ မလိုတဲ့အတွက်လည်းဖြစ်ပါတယ်... ဒါက တစ်ကမ္ဘာလုံးက လူတွေအတွက် ငွေရှာဖို့ အကောင်းဆုံး မဟာ့ မဟာ အခွင့်အရေးကြီးလည်း ဖြစ်ပါတယ်... အဲသလို မဟာ့ မဟာ အခွင့်အရေးကြီးကို ကျွန်တော်တို့တစ်တွေလည်း ရသလောက် ဝင်တိုးပြီးတော့ လုယက်ကြည့်ဖို့ စိတ်ကူးပါတယ်... ရသလောက်တော့ ကြိုးစားကြည့်ချင်တာပေါ့ အဲကြက်ကန်းဆန်အိုးတိုးလို့ ဘီလျံနာ မီလျံနာများဖြစ်လေမလားပေါ့😁

ဆက်လက်လေ့လာရင်း ကြိုးစားတင်ဆက်ပေးရန် ရည်ရွယ်ချက်ရှိပါတယ်... အန်ဖတ်တီ အဲလေ အန်ဖက်တီ လေးတွေတော့ ရမ်းသမ်းပြီး လုပ်ကြည့်နေရုံနဲ့တော့ မရဘူး... သူတို့အကြောင်းသေချာသိလေ အကျိုးရှိနိုင်လေဖြစ်မှာဆိုတော့ လေ့လာရင်းနဲ့လည်း တစ်ပြားမှမရပဲ အချိန်ကုန်နေနိုင်သေးတော့ သေချာတော့ လုပ်မှရမယ်ထင်ပါတယ်... ကြိုးစားလေ့လာရင်းနဲ့ သိသမျှ သို့မဟုတ် သိပြီးသမျှလေတွေ ရှိနေခဲ့ရင် မျှဝေပေးကြဖို့လည်း တောင်းဆိုလိုပါတယ်... အတုအယောင်ကမ္ဘာကြီးမှာ ကိုယ်လည်း အတုယောင်မြေကွက်ကြီးပေါ်မှာ အတုအယောင် တိုက်ကြီးကြီးဆောက်လို့ အတုအယောင် ကားအကောင်းစားကြီး ပိုင်ချင်ပါသေးတယ် 😁

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
4 comments
avatar

လုပ်ချင်​သော်လည်း နားမလည်​သေးပါဘူး ကစိုး​ရေ

0
0
0.000
avatar

ကျွန်တော်တို့ ကစားနေတဲ့ ဂိမ်းတွေကလည်း NFT တွေပါပဲ လေ့လာနေဆဲပဲ နားလည်သူတွေ သေချာရှင်းပြနိုင်သူတွေ ပေါ်လာရင် သိပ်ကောင်းမှာပဲ

0
0
0.000