သင်ကြားနေရဆဲသာ

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ကျွန်‌တော်အနေနဲ့ ဒီကနေ့တော့ အခြားစာတွေရေးလိုစိတ်မရှိပဲနဲ့ ဗီဒီယိုဇာတ်ကားလေးတွေကို ညွှန်းချင်စိတ်ပေါက်နေတယ်... ဒါပေမယ့်လည်း ကိုယ်တိုင်က ညွှန်းလိုတဲ့ ဗီဒီယို ဇာတ်ကားကို ပြည့်ပြည့်စုံစုံ သေချာမကြည့်မိသေးတော့ ညွှန်းလို့မ‌ဖြစ်သေးဘူးဖြစ်နေတယ်... ဒီတော့ကာ နောက်နေ့များကျမှပဲ ဇာတ်ကားလေးတွေကို ညွှန်းတော့မယ်... ဗီဒီယိုဇာတ်ကားတွေကို စိတ်ပါလက်ပါနဲ့ အစကနေ အဆုံး မကြည့်ဖြစ်တာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်... အဲဒီဇာတ်ကားလေးတွေကိုတော့ အစကနေ အဆုံး သေသေချာချာ ကြည့်ဖြစ်ခဲ့ပါတယ်... ထားလိုက်ကြပါစို့...


right_way.png


ဒီနေ့တော့ သင်ယူမှုဆိုတာနဲ့ သင်ကြားပေးမှုဆိုတာတွေကို နည်းနည်းလောက်တော့ ပြောချင်ပါသဗျ... ကျွန်တော်ညွှန်းလိုတဲ့ ဇာတ်ကားလေးတွေကလည်း သင်ယူမှု သင်ကြားမှုနဲ့‌တိုက်ရိုက်ပတ်သက်နေပေမယ့် ဒီနေ့ထဲမှာတော့ ထည့်ရေးလို့ အဆင်မပြေသေးဘူး... အခုရေးလိုတာကတော့ စိတ်ကူးပေါက်တာရေးမှာပဲဖြစ်ပါတယ် 😁 စိတ်ကူးတွေကလည်း ပေါက်ပေါက်နိုင်လွန်းလို့ထင်ကြမှာပဲ... တကယ်လည်း စိတ်ကူးက ခဏတိုင်းပေါက်ပေါက်နေတာပဲ... အားနေသကိုးဗျ...

သင်ကြားမှု သင်ယူမှုဆိုတာနဲ့ ကျောက်သင်ပုန်း‌နဲ့ကျောင်းသင်ခန်းကြီးကိုတော့ ပြေးမမြင်ကြပါနဲ့... သင်ကြားမှု သင်ယူမှုဆိုတာတွေက နေရာတိုင်းမှာ ရှိနေစမြဲပါ... ပန်းရံဆရာတစ်ယောက်ဖြစ်ဖို့ အုတ်ခဲသယ် မဆလာဖျော်တာတွေကနေ စသင်ကြရတာပဲ... သူတို့တစ်တွေက စာသင်ခန်းထဲမှာ ထိုင်ပြီးသင်ခဲ့ကြရတာတွေမဟုတ်ဘူး... လက်စွပ် လက်ကောက် ဆွဲကြိုးစတာတွေကိုလုပ်နေကြတဲ့ ပန်းထိမ်ဆရာတွေဆိုတာကလည်း စာသင်ခန်းထဲမှာ ထိုင်ပြီးတော့ သင်ကြားခဲ့ကြရတာမှမဟုတ်တာပဲလေ... လက်တွေ့ဘဝထဲမှာ သင်ကြားစရာ သင်ယူစရာတွေ အများကြီးရှိနေပါတယ်...

ဘဝတစ်ခု မချုပ်ငြိမ်းမချင်းတော့ သင်ယူနေကြရမှာပဲ... တစ်ချို့နေရာတွေမှာ ကိုယ်ကဆရာ တစ်ချို့နေရာတွေမှာတော့ ကိုယ်ကတပည့်အဖြစ်နဲ့ နေသွားကြရတာပဲ... လူမပြောနဲ့ တိရစ္ဆာန်တွေမှာတောင် ငယ်စဉ်ကတည်းက သင်ယူကြရတာပဲဖြစ်ပါတယ်... တိရစ္ဆာန်တွေမှာလည်း သူတို့သဘာဝနဲ့ သူတို့ မိခင် ဖခင်တို့က သားငယ် သမီးငယ်လေးတွေကို သင်ကြားပေးကြတာ မြင်ဖူးကြပါလိမ့်မယ်... ခုလိုတိုးတက်နေတဲ့ခေတ်ကာလကြီးမှာဆိုရင် Discovery အစီအစဉ်တွေကနေ မြင်နိုင်တွေ့နိုင်ကြပါတယ်... ငှက်ကလေးတွေ အပျံသင်ကြတယ်... အစာရှာ‌ဖို့ သင်ကြားကြရတယ်...

သင်တဲ့သူရော သင်ကြားခံရသူကော စိတ်ပါလက်ပါနဲ့ သင်ကြားပြသနိုင်ရင် အကျိုးများမှာပဲ... သင်တဲ့သူတွေက တက်ကြွပြီး ဆရာက အိပ်ငိုက်နေရင် ဒါမှမဟုတ် ဆရာဖြစ်က တက်ကြွနေပြီး အသင်ခံတပည့်တွေက အိပ်ငိုက်နေရင် အကျိုးရသင့်သလောက် ရမှာမဟုတ်ပါဘူး... သင်ကြားတယ်ဆိုတာက ပုံသေနည်းစနစ်လောက်နဲ့တင် မပြီး... လမ်းပြပေးနိုင်သူဖြစ်ရမယ်လို့ မှတ်ယူသင့်လှပါတယ်... လမ်းပြနိုင်အောင်လည်း ကျွမ်းကျင်မှုတွေရှိမှရပါလိမ့်မယ်... လမ်းပြပေးသူက လမ်းသာပြပေးနိုင်ပြီး လမ်းလျှောက်ရမယ့်သူကတော့ အသင်ခံရသူတွေပဲဖြစ်ပါတယ်...

သင်ကြားမှု သင်ယူမှုမှာ ကျွန်တော်တို့နှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့ပါပြီ... ပုံသေနည်းစနစ်တွေနဲ့သာ လျှောက်လှမ်းမှုတွေနဲ့သွားနေကြသူတွေအဖို့ ပုံသေနည်းနဲ့ လွတ်ကင်းနေတဲ့အခါမှာတော့ မစဉ်းစားတတ် မဖြေရှင်းတတ်ကြတော့ပါဘူး... အချို့အရာတွေဟာ ပုံသေနည်းစနစ်တွေမှာ မပါပါဘူး... ပုံသေနည်းစနစ်တွေနဲ့ ဘောင်မဝင်တာတွေ ဘဝခရီးလမ်းကြမ်းကြီးမှာ ရှိနေစမြဲဖြစ်ပါတယ်... ပုံသေနည်းစနစ်ကိုသာ ကျွမ်းကျင်ခြင်းက ဘောင်တစ်ခု စည်းတစ်ခုအဖြစ် သတ်မှတ်ထားတဲ့အတွက် စည်းအတွင်း ဘောင်အတွင်းကပဲ ဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်‌ဗျာ...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
12 comments
avatar

ဘာမှလည်း ဟုတ်တိပတ်တိ မတတ်ပါဘူးဗျာ
!PIZZA

0
0
0.000
avatar

တတ်အောင်ကြိုးစားကြည့်ပေါ့လေ 😁

0
0
0.000
avatar

ဘဝကိုက ​ကျောင်း​တော်ကြီးကိုး

0
0
0.000
avatar

ဟုတ်သပေါ့ သင်လို့မကုန်နိုင်တဲ့ ဘဝကျောင်းကြီးပေါ့

0
0
0.000
avatar

ဟင်အင်... မရဘူး... တို့ကတော့ အလွှတ်ကျက်မှာ... သင်္ချာတောင် အလွှတ်ကျက် မှာ😁😁😁 !LOL

0
0
0.000
avatar

တကယ်ကို သင်္ချာကို အလွတ်ကျက်ဖြေတဲ့သူတွေ့ဖူးတယ်ဆာဟင် ကိန်းဂဏန်းလွဲမေးရင် မဖြေတတ်တော့ဘူး 😁

0
0
0.000
avatar

ခုထိလည်း သင်နေရဆဲပါဘဲဗျာ
ဘယ်တော့မှလည်း ဆုံးမှာ မဟုတ်ပါဘူး !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000