တင်ပါရစေ

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီနေ့တော့ Splinterlands မှာ အနိုင်မခံ အရှုံးမပေးပဲ ဇွဲနပဲနဲ့ Rating ကုန်လုနီးနီး(အကုန်ပါပဲလေ)တိုက်ခဲ့တာလေးကို တင်ချင်တယ်ဗျာ... မတင်နဲ့လို့တော့ မတားကြပါနဲ့ 😪 တင်ချင်လွန်းလို့ပါလေ... အမှန်ကတော့ ပွဲတိုင်းရှုံးပေါ့ဗျာ 😂 ရှုံးဆို ခုချိန်ထိကို ကတ်တွေအကြောင်း သေချာမှ မသိသေးပဲကိုးဗျ... မသိပေမယ့်လည်း အကောင်လေးတွေကိုတော့ ဟိုလျောက်ထည့် ဒီလျောက်ထည့်နဲ့ ကြက်ကန်းဆန်အိုးတိုးသလို နိုင်တဲ့ပွဲတွေရှိလာတယ်... အများအားဖြင့်တော့ ရှုံးပွဲတွေပေါ့လေ...


splinterlands_ansoe.png


အနိုင်အရှုံးက အဓိကမဟုတ်ဘူး... ပြိုင်ဆိုင်မှုသာ အဓိကဆိုတဲ့ စိတ်ဓာတ်ကို ရင်ဝယ်ပိုက်လို့ ကီသွင်းပြီး ကစားနေတာပဲ... ဘယ်လိုပဲ ကီသွင်းပြီး ကစား ကစား အရှုံးကသာ ခပ်များများဖြစ်နေဆဲပဲလေ... အတော်ကြိုးစားနေတာတောင် ရှေ့မတက်ဖြစ်နေဆဲပေမယ့် ကစားနေအုံးမှာပဲ... အောက်မှာ ကျုပ်ကစားထားတာလေး အားပေးကြည့် အဲ ကြည့်ဆို Video ကတင်လို့မရတော့ Screen shot လေးတွေပဲ တင်ပေးလိုက်ပါတယ်... ထူးခြားတဲ့ Round 21 အထိတိုက်ခိုက်အောင်မြင်ခဲ့တဲ့ Video ကိုအားပေးချင်တယ်ဆိုရင်တော့ ဟောဒီ Link (https://splinterlands.com?p=battle&id=sl_bb650149fa153c855a1fe3962b676277&ref=ansoe) ကနေဝင်ကြည့်ပေတော့... Round 21 အထိ တောင့်ခံနိုင်တယ်ဗျ... ခံနိုင်ရည်တော့ အတော်ရှိတယ်... အမှန်ကတော့ ရုပ်ဆိုးဆိုး သရဲနှစ်ကောင်က အခွက်ပြောင်နေကြတာပါ 😝 Round 21 လည်းပြီးရော ဒိုင်က စိတ်မရှည်တော့ပဲနဲ့ ညစ်ပတ်ပြီး ကျုပ်ကို အနိုင်ပေးလိုက်သဗျို့... ကျုပ်ကတော့ ပျော်ပြီလေ 😂


screenshot_221.png


screenshot_222.png


screenshot_223.png


screenshot_224.png


screenshot_225.png


နောက်ပြီးတော့ ဆန်းလှသဗျာ... Leader Board ကို ကြည့်တိုင်း 1, 2, 3, 4, etc ဆိုတဲ့လူတွေက အမြဲတမ်း ဘယ်အချိန်ပဲကြည့်ကြည့် ကျုပ်အောက်မှာပဲရှိတယ်... သူတို့ခမြာ အားကြိုးမာန်တက်နဲ့ 1, 2. 3 ရအောင် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ကျုပ်အောက်ကကို မလွတ်နိုင်ဘူး... သနားစရာပါဗျာ 😝


screenshot_219.png


Daily Quest တွေကတော့ နေ့စဉ်ကြိုးစားပမ်းစားလုပ်နေတော့ နေ့တိုင်းတော့ အောင်မြင်စွာနဲ့ ချီတက်နေနိုင်ခဲ့သ‌ဗျ... Daily Quest တစ်ခုပြီးတိုင်းလည်း ရင်ခုန်လှိုက်မောစွာနဲ့ ကိုယ်ဘာများရမလဲလို့ ဖွင့်ကြည့်ခဲ့ရတာနေ့တိုင်းပဲ... သို့ပေသော်ငြားလည်း ဘာကတ်မှမရပဲနဲ့ Credit ဆိုတာတွေနဲ့ပဲ နေ့စဉ် နှစ်ပါးသွားကနေရတယ်လေ... ကတ်များများရမှ ပါဝါများများတက်မှာဆိုတော့ ကတ်ကောင်းလေးတွေလည်း လိုချင်မိသ‌ပေါ့... Daily Quest ကလည်းမျိုးစုံသလောက်နီးပါးကစားဖူးသွားပြီ... မအောင်တဲ့နေ့မရှိတော့ဘူး... Rating 88 ‌ရောက်တဲ့အထိပေါ့ဗျာ 😂 နောက်ထပ် Rating 88 ကနေ ထပ်မလျော့တော့လို့သာပေါ့‌ဗျာ... နို့မို့ဆို ဘဲဥကနေတက်မှာမဟုတ်ဘူး 😁


quests.png


ကိုယ်ပိုင် ကတ်တောင်ရထားလိုက်သေးတယ် 😂 အဲဒီကတ်နဲ့သာတိုက် ပွဲတိုင်းနိုင်လောက်တယ် 😁


splinterlandscardmaker_dark_hamburger_.png


ပျော်ပျော်နေသေခဲ မော်တော်နေတာရေထဲ လို့ဆိုကြလေတော့ ညစ်နေတဲ့စိတ် အချိန်အနည်းငယ်လောက် သက်သာစေနိုင်မယ်ဆိုရင် ကျေနပ်ပါတယ်ဗျာ...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
22 comments
avatar

ကျွတ်တော်တော့ Mana 100 ပေးတဲ့ ပွဲ မကစားဖူးတော့ Dark Hamburger သုံးနိုင်မယ် မထင်ဘူးဗျာ
!LOL

0
0
0.000
avatar

တန်ဖိုးကြီး Mana ကတ်နော် ဟန်ဘာဂါအမည်းများကွာ မီးကျွမ်းအောင်ဖုတ်လိုက်ရင်ရတာဖဲကို 😝

0
0
0.000
avatar

ကစားပါ တင်လိုက်ပါလေ
!LOL

!LUV

0
0
0.000
avatar

တင်ပလိုက်မယ် 😂

0
0
0.000
avatar

Congratulations @ansoe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You published more than 950 posts.
Your next target is to reach 1000 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Christmas Challenge - Offer a gift to to your friends
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

အားမလျှော့နဲ ဖိုက်တင်း💪💪

0
0
0.000
avatar

ဘယ်တော့မှလျော့ဖူး

0
0
0.000
avatar

ဖတ်ရတာကိုပျော်စရာကောင်းတာ။

0
0
0.000
avatar

အမလေး မြှောက်ပေးမယ့်သူတစ်ယောက်တိုးလာဘီ 😁

0
0
0.000
avatar

ဟီး Credit နဲ့ပဲ ညားနေလို့ သိပ်မတိုက်ဖြစ်။
ကဒ်ဝယ်ပြီး တိုက်နိုင်မှ အဆင်ပြေမဲ့ ဂိမ်းဖြစ်နေပြီ။
Skill နဲ့မဆိုင်တော့ဘူး 😂

0
0
0.000
avatar

အေးယေ အေးယေ ပြောပလိုက် 😝

0
0
0.000
avatar

ဇွဲကောင်းတော့ ဇွဲဆုတွေ လာမှာပေါ့။Credit တွေမဟုတ်ဘူး

0
0
0.000
avatar

ခရက်ဒစ်တေချည်းဖဲရနေထာ မဝယ်ရင် မရတော့ဖူးနေမယ်

0
0
0.000
avatar

တိုက်ပွဲတွေ များလှချည်လား... စစ်သူကြီး ဦးစိုးလို့ နာမည်ပြောင်းရမလို ဖြစ်နေပြီ။!LOL. !PIZZA

0
0
0.000
avatar

အကုန် ၃ ဆနဲ့ရစ်ပြီး ချထာလေ 😁

0
0
0.000
avatar

အောင်မငီး ကိုယ်ပိုင်ကဒ်နဲ့သာချ တစ်ကဒ်ထဲနဲ့ Rank 1 ဖြစ်မှာသေချာတယ်။ ( မှတ်ချက် ဆိုးလှသောရုပ်ကြောင့် တဖက်monsterများ မူးမိုက်လဲကျကာ အရှုံးပေးသွားကြသည်။) :D !LOLZ

0
0
0.000
avatar

What's the difference between a well-dressed man and a tired dog?
The man wears an entire suit, the dog just pants.

@ansoe, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)

0
0
0.000
avatar

1 ဖြစ်ရင် သူများအောက်ရောက်နေမှာစိုးလို့ မချတော့ဖူး ဘယ်နည်းနဲ့နိုင်နိုင် နိုင်ဖို့ပဲ 😝

0
0
0.000