ရမ်းရော်လို့...မှန်း

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီကနေ့ တိုးတက်နေသော ခေတ်ကာလကြီးမှာ ကျုပ်အတွေးတွေက ကျောက်ခေတ်ကိုများ ပြန်သွားချင်နေသလားမသိပါ... တိုးတက်လာတယ်ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာများကို အသုံးပြုချင်သော်လည်း ထိုသို့ရုပ်ပိုင်းဆိုင်ရာသာ တိုးတက်နေခြင်းကိုတော့ဖြင့် ကျုပ် တခါ တခါ စိတ်က လက်မခံနိုင်အောင်ဖြစ်နေပါတယ်... စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တိုးတက်လာနိုင်ရင် ကောင်းလေစွလို့လည်း တွေးမိပါတယ်... အဲ- ရေးလိုတာနဲ့ ရေးနေတာနဲ့ တခြားစီဖြစ်ကုန်ပြီ... ရေးချင်တာက NFT ရဲ့အကြောင်းအရာလေးတွေကို သိသလောက် မျှဝေချင်တာပါ... အရင်နေ့ကလည်း မျှဝေခဲ့ပါတယ်...


sagaing_hill_copy.png


မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလိုမဟုတ်ပဲ မသိသော်လည်း ရမ်းရော်မှန်းလို့ဆိုရမှာပဲ... သေချာရောရာသိတာမဟုတ်သေးတော့ ရေးရတာလည်း အားမရှိဘူး... ကိုယ်တိုင်သွားဖူးတဲ့လမ်းမဟုတ်သေးတော့ လမ်းညွှန်ဖို့ ခက်ခဲနေတာပဲ... ကိုယ်တိုင်သွားတော့ သွားကြည့်နေတာပဲ... ဒါပေမယ့်ခရီးကမတွင်သေးဘူး... နေရာတကာမှာလည်း လူလိမ်တွေက ပေါလာတဲ့လောကကြီး ဘယ်နေရာမှာ စိတ်ချရမလဲဆိုတာလည်း မသိနိုင်... မကြာခင်ရက်ပိုင်းက NFT နဲ့ပတ်သက်လို့ နာမည်ကြီးနေတဲ့ Open Sea(OS)လို ခိုင်မာနေတယ်လို့ ယူဆနိုင်တဲ့ Platform မှာတောင် ‌ဒေါ်လာ ၁.၇ သန်းဖိုးလောက် အခိုးခံရတယ်လို့ပါတယ်...

NFT တွေကို ခိုးယူခံရတာတွေ ရှိသလိုပဲ ဈေးနှုန်းမှားရောင်းမိတဲ့အဖြစ်တစ်ခုကလည်း ဖြစ်သွားခဲ့ပါတယ်... ဘယ်လောက်ကွာပြီးရောင်မိလို့ပါလိမ့်... ‌ဒေါ်လာ ၃ သိန်းတန် ကို ‌ဒေါ်လာ ၃၀၀၀ နဲ့ မှားရောင်းမိပါသတဲ့... ပိုင်ရှင်တော့ ဘယ်လိုနေမယ် မသိဘူး... ကြားကနေ နှမြောလိုက်တာ စားမဝင် အိပ်မပျော်တောင် ဖြစ်နေလိုက်သေးတယ် 😂 ပိုင်ရှင်က ကိုယ်သာဖြစ်ရင်တော့ အသက်တောင်ပါသွားနိုင်လောက်တယ် 😁 ထားကြပါစို့ရဲ့... သိုင်းလောကရဲ့ အရှုပ်တော်ပုံတွေကြားမှာ ရှင်သန်နိုင်ဖို့ ရှောင်ရင်း တိမ်းရင်း ပညာတွေလေ့လာသင်ကြားရင်းနဲ့ပဲ ခုချိန်ထိ ရပ်တည်လာခဲ့ကြပြီပဲ... ဒဏ်ရာတွေလည်း ရခဲ့ဖူးသလို ပျော်ရွှင်စရာတွေလည်း ကြုံခဲ့ဖူးပြီလေ...


kain_dayi_kain_dayar_copy_copy.png


ဒါဟာ Cryptocurrency ရဲ့ ငွေပေးချေမှုနည်းစနစ်ဖြစ်ပြီးတော့ လုံခြုံရေးစနစ်တွေကလည်း ‌ရှုပ်ထွေးတာကြောင့် ခလုတ်တစ်ချက်မှား နှိပ်မိလိုက်ရင် ဆုံးရှုံးမှုတွေက ပြန်မရတော့ပါဘူး... စာလုံးတစ်ခုံးမှားရိုက်မိလာတာကိုက ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်... Blockchain နည်းပညာဆိုတာကလည်း ဒီလိုလုံခြုံစိတ်ချရမှုရှိအောင် ပြုလုပ်ထားတာဖြစ်တော့ တနည်းနည်းမှားခဲ့ရင်တော့ မှားသွားသူအတွက် အပြင်လောကမှာလို Sorry လုပ်ပြီး ပြန်တောင်းလို့ ပြန်ပြင်လို့ မလွယ်တော့ပါဘူး... ဒီလိုအမှားမျိုးတွေကို ကိုယ်လည်း ခံရဖူးပါတယ်... နောက်နောင်လည်း ဒီလိုအမှားမျိုးတွေကို မှားနေအုံးမှာမို့ ကိုယ်မမှားဖို့တော့ ခလုတ်တစ်ချက်မနှိပ်မီ သေချာစစ်ဆေးဖို့လိုမှာပေါ့...

သူများတွေက NFT ကိုစိတ်ဝင်စားလား စိတ်မဝင်စားဘူးလားဆိုတာတော့မသိပေမယ့် လုပ်သင့်တဲ့အလုပ်တစ်ခုလို့ ယူဆမိလို့သာ ဖွနေခြင်းဖြစ်ပါတယ်... ဘာကြောင့်လုပ်သင့်သလဲဆိုတာက NFT ကို နားလည်နိုင်ဖို့ Blockchain ဆိုတာကြီးကိုအရင် နားလည်မှရမှာပါ... သိုင်းလောကသားများဖြစ်ကြတဲ့ မိတ်ဆွေများအနေနဲ့ကတော့ Blockchain ဆိုတာကြီးကို တကူးတက လေ့လာနေစရာမလိုတော့တဲ့အတွက် တိုက်တွန်းနေခြင်းသာဖြစ်ပါတယ်...

NFT လုပ်ရင် နေ့ချင်း ညချင်းချမ်းသာသွားနိုင်တယ်လို့တော့ မမှတ်ယူလိုက်ပါနဲ့... ကျွန်တော်ရေးခဲ့ဖူးတဲ့ သုည သို့မဟုတ် အဆုံးမဲ့(Zero or Infinity) ဆိုသလိုပါပဲ... ကိုယ့်ရထားတဲ့ NFT က ဘာမှတန်ဖိုးမရှိတာဖြစ်နိုင်သလို မခန့်မှန်းနိုင်လောက်အောင် တန်ဖိုးကြီးတဲ့ အရာတစ်ခုလည်း ဖြစ်နိုင်ပါတယ်... Digital wallet လေးတစ်ခုဖွင့်ပြီး NFT တစ်ခုရောင်းရုံလောက်နဲ့တော့ ချက်ချင်း မီလျံနာ ဘီလျံနာတွေဖြစ်သွားမှာတော့ မဟုတ်ပါဘူး... အဲဒီလောက်ထိလည်း မရိုးရှင်း မလွယ်ကူပါဘူး... မလွယ်ကူတဲ့အတွက်လည်း သိုင်းလောကသားများပင် ရွာလယ်နေခဲ့ကြရတာပဲပေါ့...

အခုမှစတင်လို့ သိုင်းလောကထဲဝင်ကြမယ့်သူများအတွက် ပိုလို့ဆိုးပါတယ်... လက်ရှိသိုင်းလောကသားများပင် ရွာလယ်စေနိုင်တဲ့ NFT က Beginner များကို ဟိုးအောက်ဆုံးထိဆွဲချသွားနိုင်ပါတယ်... Blockchain ဆိုတာ ဘာမှန်းမသိသေးပဲနဲ့ NFT ကိုကျော်ခွသွားရင် သေချာပေါက်ချောက်ထဲထိုးကျသွားနိုင်တာပေါ့... ခုကျွန်တော်တို့နဲ့အနီးဆုံးမှာရှိနေတာက Hive Platform ပေါ်မှာရှိနေတဲ့ Game တွေပါပဲ... အဲဒီ Game တွေက NFT Game တွေဆိုတော့ အဲဒီ Game တွေကပေးတဲ့ Card တွေဟာလည်း NFT တွေပဲဆိုတော့ သေချာနားလည်အောင်လေ့လာထားသင့်တာပေါ့ဗျာ... ဒီနေ့တော့ ဒီလောက်ပဲ ဖွပါရစေ... နောက်ထပ်ဖွမယ့်သူတွေများများပေါ်လာပါစေ 😁



0
0
0.000
10 comments
avatar

NFT ကိုခုချိန်ထိ ဂဃဏန မသိသေးဘူးဗျို့ လေ့လာအားလည်း နည်းတာကိုး

0
0
0.000
avatar

ကျွန်တော်လည်း သေချာမသိသေးဘူး ဒါပေမယ့် လေ့လာသင့်တယ်ထင်လို့ လေ့လာနေတာပါ

0
0
0.000
avatar

ဘာမှ မသိသေးပဲ မသိသလို နေနေဆဲပါ
!LOLZ

0
0
0.000
avatar

သိပါဘူးဆို။

0
0
0.000
avatar

ကျွန်တော်လည်းသိပါဘူး လေ့လာသင့်လို့ လေ့လာနေတာပါ

0
0
0.000
avatar

အဲဒီ NFT ဆိုတာကြီးကလည်း Game ကစားတဲ့ NFT တွေအသာ ထား.... အပြင်က NFT ဆိုတာ အင်မတန် မှ လှော်လို့ ကောင်းတဲ့ NFT ကိုး... ဘယ်သူဘယ်ဝါကတော့ဖြင့် NFT ရောင်းလို့ သန်းကြွယ်သူဌေး ဖြစ်သွားပြီ ပြောပေသိ သူ့ဘဏ်အကောင့် ကိုယ်မြင်ရတာမှ မဟုတ်တာရယ်။ ဘာရယ်မဟုတ် ဖွကြည့်တာ။😀😁😀😁 !LOL

0
0
0.000
avatar

အန်ဖတ်တွေနဲ့ပတ်သက်လို့ ဘာပဲဖွဖွ ဖွသာဖွ 😂

0
0
0.000