နေစရာလေးတစ်ခု

avatar

Splinterlands ကိုဆော့ ပြီးတော့ dec စျေးတွေတက် card တွေ စျေးတွေ တက်တော့ မြို့နဲ့ အလှမ်းဝေးပေမဲ့ နေစရာလေး တစ်နေရာ ကောက်ရှာဝယ်လိုက်သည် ။ အဖေ နဲ့ အမေ ဆုံးသွားပြီးတော့ တစ်ယောက်ထဲ ဖြစ်နေတာလဲ ပါတာပေါ့ ။ တစ်ယောက်ထဲဖြစ်နေတော့ နှစ်ယောက်ဖြစ်လာရင် ခက်မယ်လေ 😁😁😁 ။ ဒါနဲ့ဘဲ ဆော့လာတဲ့ splinterlands အကောင့်ထဲက တစ်ကောင့်ရောင်းလိုက်တယ်ဆိုပါတော့ ။

IMG_20210930_100256.jpg

ဒီလိုနဲ့ ဂရံပေါက်တွေ ဘာတွေ မဟုတ်ပေမဲ့ နေစရာ နေရာလေး တစ်ခု ရပြီဆိုတော့ တဲလေးဘဲ ဖြစ်ဖြစ် ဆောက်ရဦးမှပေါ့ ။ ​မဟုတ် မြေကြီးပေါ်အိပ်လို့မှ အဆင်မပြေတာ ။ ဒီလိုနဲ့ တဲလေးဆောက်ဖို့ သူငယ်ချင်းကို အကူညီတောင်းပြီး free ဆောက်ခိုင်းလိုက်တယ် ဆိုလျှင်ဘဲ ကျေးဇူးကြီးမား သူငယ်ချင်းများက ကူညီကြရှာပါတယ် ။ လက်သမား တတ်ထားပြီး ကူညီတတ်တဲ့ သူငယ်ချင်းလေးတွေ ရှိလို့ တော်သေးတာပေါ့ ။

IMG_20211207_172105.jpg

တဲလေး ဆောက်မယ် ဆိုပြန်တော့ အမိုး အကာ အခင်းဖိုးတွေ လိုပြန်တော့ ဆော့နေကျ အကောင့်ထဲက sps တွေ ထုတ်ရောင်းရပြန်ရော ။ ဟော sps တွေ စျေးကျနေလေရဲ့ ဒါနဲ့ဘဲ အချေးအငှါး လေးတွေနဲ့ ဆက်ဆောက်ရင်း အ​ကြွေးရှိရင် မနေတတ်တဲ့ ကျွန်တော် ကဒ်လေးတွေ ထုတ်ရောင်းရင်း ဆပ်လိုက်ပြန်တာပေါ့ ။

ဟိုက် ဘာလိုလို နဲ့ splinterlands အကောင့်တောင် တော်တော်သေးသွားပါလား ။ ကြားထဲ မအားမအား နဲ့ မဆော့ဖြစ်တာလေးတွေ နဲ့ဆိုတော့ ဆော့ဖြစ်အောင်တော့ တစ်ရက်ငါးပွဲ ပြန်ဆော့အုံးမှပါလေ ။



0
0
0.000
21 comments
avatar

ဟာ မိုက်သဟေ့
ဘိုလိုတွေပါ ထည့်ရေးသင့်တယ်ဟ
vote အများကြီး ရအောင်လို့
ထပ်ရေးတင် နောက်နေ့ကျ။
!PIZZA

0
0
0.000
avatar

ဗိုလ် လိုက တတ်ဖူးလေ 😁😁😁

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(11/16) tipped @domelay (x1)
sheinthu tipped domelay (x1)
donjaun tipped domelay (x1)
htwegyi tipped domelay (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

အာ ဂိမ်းကောင်းကျိုး တကယ်မိုက်တယ်....
ဟီး အားကျပြီ လိုက်ဆော့တာ။ ခု​​တော့မလွယ်ပါဘူးလေ 😅

0
0
0.000
avatar

နောက်ကိုလွယ်လာမှာပါ မျော်လင့်ချက်တော့ အများကြီးရှိနေပါတယ်လေ 😊😊😊

0
0
0.000
avatar

နားအေးပါးအေး စိတ်အေးလက်အေး ကျေးလက်သဘာဝအောက်မှာ အနားယူလို့ရတာပေါ့။

0
0
0.000
avatar

ဟုတ် တယ် တိတ်ဆိတ်နေတာ နှင်းကျသံတောင်ကြားရ 😊😊

0
0
0.000
avatar

အားကျ ပါတယ်.... Hive Blockchain Game ဆော့ပြီး ရထားတာ Splinterlands game ရဲ့ လက်တွေ့ဘဝလေးပေါ့

0
0
0.000
avatar

ဟုတ်ကဲ့ပါဗျာ 😊

0
0
0.000
avatar

ကိုဒိုမီတို့ ပဲ စပလင်တာ ခေတ်ကောင်းမှီလိုက်တာ ကျနော်တော့ ဆော့ဘို့မေ့နေတာနဲ့ ခုမှပြန်ဆော့နေတာ။ :D

0
0
0.000
avatar

ဟုတ် ခုဆော့လဲ နောက်ရမှာပါ

0
0
0.000
avatar

ချီးကျူးတယ် အားကျတယ် ကိုဒိုမီရေ Splinter ကောင်းကျိုး အခုထိခံစားနေရတာပေါ့ ဆက်ချဗျို့ ။ !PIZZA

0
0
0.000
avatar

ဟုတ် ချမှာပါဗျာ

0
0
0.000
avatar

BILLIONARIE လေးကိုဒိုမီတို့ လက်သွက်ချက် အားကျတယ်ဗျာ။!PIZZA

0
0
0.000
avatar

Billionarie တော့ ဟုတ်ပါဘူးဗျာ တစ်နေ့နေ့တော့ ဖြစ်ခွင့်ရချင်တာပေါ့

0
0
0.000
avatar

Wooo မိုက်သဟ ကိုဒွန်ပြောသလို အင်ဂလိလိုလေးနဲ့ ပြန်တင်ရေးပါဟ
!PIZZA

0
0
0.000
avatar

Translate လုပ်ကြည့်တာက ကျွန်တော်ပြန်ရေးတာထက်ပိုကောင်းမယ်ထင်တယ် အဲ့တာကြောင့် မ ရေးတော့တာ

0
0
0.000
avatar

ဒိုမီရေ... တတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့ တိုင်ပင်ပြီးကိုယ့်အမည် ဂရန် ပေါက်အောင်လုပ်ထားဗျို့....!PIZZA

0
0
0.000
avatar

ဟုတ်အကို ကြိုးစားပါအုံးမယ် 😊

0
0
0.000