အရဲစွန့်လာကြပြီး

avatar

တနေ့တခြားမြန်မာပြည်မှာတိုးတက်လာတာဆိုလို့ သူခိုးနဲ့ဓားပြပဲရှိတယ်။ဒီနေ့ကတော့ ဘယ်မြို့ကတော့ ဘာတွေပါသွားပြီး ဟိုတနေကလဲ ဘယ်မြို့ကတော့ ဘာတွေထပ်ပြီး ပါသွားပြီ တနေ့တမျိူးပဲကြားကြားနေရတာ စိတ်မကောင်းစရာတွေချည်းပဲ။

နေရထိုင်ရတာကလဲ တကယ်မလွှတ်လပ်တော့ဘူး။တနေရာနဲ့တနေရာကို သွားရလာရတာကလဲ လုံခြုံမှုမရှိတော့ဘူး။လူလေနည်းနည်းပျက်ပြီးဆိုတာနဲ့ လေးဘက်လေးလှံ ကြည့်နေရတာအမော ဘယ်အချိန်များ အနောက်ကနေပြီးတော့ ဓားနဲ့ခုတ်သွားမလဲ တုတ်နဲ့ရိုက်သွားမလဲဆိုတဲ့ အတွေးတွေနဲ့ အသက်ရှင်နေရတယ်။

လက်ထဲအရင်လို အပြင်သွားလို့ရှိရင် အရင်လို ပိုပိုလိုလို ထည့်ပြီးမသွားရဲသလို ညမှောင်ပြီးဆိုတာနဲ့ သွားမယ့်လမ်း ပြန်မယ့်လမ်းတစ်လျှောက်မှာ ဖုန်းကိုလဲ ဖွက်ရ ညမိုးချူပ်လို့ မဖြစ်မနေပဲဖြစ်ဖြစ် ဟိုနားဒီနားသွားရင်တောင် ဖုန်းကိုအိမ်မှာထားခဲ့ရတဲ့နေ့ရက်တွေကများနေပြီး ညတိုင်လိုလို လက်ဗလာနဲ့ထွက်ရတဲ့နေ့တွေချည်းပါပဲ။

ဒီနေ့တောင် သူခိုးတွေသောင်းကျန်ချက်ကတော့ တော်တော်လေးတော့ အတင်းရဲလာနေပြီး ဘယ်လိုပြောရမလဲ သေမှာတောင်မကြောက်ဘဲလုပ်တာမြင်ရတော့ ပြောရခက်သားပဲ။ဆိုင်ကယ်လေးနဲ့လာပြီးတော့ EPC ကလိုလိုနဲ့ သစ်ပင်ပေါ်ကိုတက်ပြီးတော့ လိုင်းကြိုးဖြတ်ခိုးတယ်။ဒါတောင် အချိန်က မိုးလဲမချူပ်သေးဘူး မီးလဲ လာနေတယ်။ 220V လိုင်းကိုဘယ်လိုဖြတ်လိုက်လဲမသိဘူး။ချက်ချင်းပဲ မီးစတွေဖွာထွက်လာပြီး မီးပါပျက်သွားတယ်။

ဖြတ်ယူသွားတဲ့ ကြိုးကလဲ ဘာတန်ဖိုးမှမရှိပါဘူး။ယူသွားတဲ့ပမာဏကလဲ 5ကိုက် လောက်ပဲရှိမယ်။လိုင်းကြိုးတွေဆိုပေမယ့် ကြိုးတွေက ဒန်ကြိုးတွေ ​ကြေးကြိုးလဲ မဟုတ်ဘဲနဲ့ကို ဖြုတ်ခိုးသွားတယ်။သိပ်မကြာပါဘူး EPC ကကောင်တွေ လာပြီးတော့ ကြိုးပြန်ဆက်သွားတယ်။အော်မြန်မာပြည်ကြီး အဲလောက်တောင်ဆိုးသွားခဲ့ပြီးလား၊ဘာတန်ဖိုးမှမရှိတာကို အသက်ကိုတောင်ရင်းရဲတယ်။



0
0
0.000
8 comments
avatar

အန္တရာယ်နှင့် လက်တကမ်းဆိုသလိုပ။
!PIZZA

0
0
0.000
avatar

စားစရာမရှိ ငတ်ပြတ်လာကြပြီ ဆိုတဲ့သဘော။

0
0
0.000
avatar

ဟုတယ်အကိုရေ ၁ပြားပဲရရ ယူနေကြပြီး
!MEME

0
0
0.000