အကူအညီတောင်းခြင်း

avatar

FB_IMG_1613374265540.jpg

splinterlands game ကိုဆော့လာခဲ့တာ ဒီနေ့နဲ့ဆိုရင်တော့ 3 လလောက်တော့ရှိပြီးလို့ ပြောရမယ်ဗျ။အရင်တုန်းကတော့ နေ့တိုင်းနီးပါးဆော့ဖြစ်ပါတယ်။foxon ကြီးက Blockchain Gaming Community ကနေ Vote ပေးခြင်းမရှိတဲ့နောက်တော့ မဆော့ဖြစ်တော့ဘူး။

တစ်ပတ်ကိုနှစ်ကြိမ်လောက်တော့ဆော့ဖြစ်ပါတယ်။ Splinterlands ရဲ့ Social media and Battle Challenge အတွက်ပဲ ဆော့ဖြစ်နေပါတယ်။ဆော့ဖြစ်နေတယ်ဆိုတာကလဲ အခုလောလောဆယ်မှာတော့ Free အနေနဲ့ပဲဆော့ဖြစ်နေပါတယ်။Social အတွက်တော့ နောက်ထပ် ဝယ်စရာ ကဒ်တွေမလိုပါဘူး။

Battle Challenge အတွက်ကျတော့ Splinterlands ကခေါ်တဲ့ ကဒ်တွေမရှိတဲ့ Post တွေလဲ ကြုံဖူးပါတယ်။ဆိုတော့ ထိုကဒ်တွေကိုတော့ စျေးနည်းတဲ့ ကဒ်တွေ ဖြစ်နေရင်တော့ ဝယ်ဆော့ပေးဖြစ်ပါတယ်။လက်ရှိမှာတော့ Spellbook ကို unlock မလုပ်ရသေးပါဘူး။

Spellbook ကို unlock မလုပ်ထားပေးမယ့် Splinterlands ကနေတော့ 2ကဒ်လောက် ဝယ်ထားပါတယ်။ဝယ်ထားတဲ့ကဒ်တွေကလဲ 0.5$ လောက်သာမရှိတဲ့ကဒ်တွေပဲဖြစ်ပါတယ်။ဒါကလဲ Battle Challenge အတွက် ဝယ်ယူခဲ့တဲ့ကဒ်တွေပဲဖြစ်ပါတယ်။

ကျွန်တော်အနေနဲ့ အကူအညီတောင်းချင်တာကတော့ Splinterlands ကနေ 3 လအတွင်းမှာတော့ တော်တော်လေးတော့ စုဆောင်းမိခဲ့ပါတယ်။စုဆောင်းမိတဲ့အထဲကနေပြီးတော့ Spellbook Unlock လုပ်သင့်လား? မလုပ်သင့်ဘဲဒီအတိုင်ဆက်ကစားသင့်လား? Spellbook unlock လုပ်ရင် ဘာတွေထူးခြားသွားမလဲ ရှင်းပြပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်။

@kaunglay2

23:33PM



0
0
0.000
5 comments
avatar

Spellbook ဝယ်မယ်ဆို 10$ ကုန်မယ်။
ကဒ်အများကြီး ဝယ်မကစားနိုင်ရင် နိုင်ပြီး reward ရဖို့မလွယ်။
ကိုယ်တော့ $100 ကျော် ရင်းပြီး ကစားခဲ့တာ ဘာမှ ထူးမရလို့ မကစားတော့။
$1000 လောက်ဆိုရင်တော့ မဆိုးဘူး

0
0
0.000