hive exchange အကြောင်းတစ်စေ့တစ်စောင်း

အစကတော့ steem-engine ကိုသုံးတယ် အဲထဲမှာလည်း tokens တွေကျန်ပါသေးတယ်။ hive ဘက်ပြောင်းလာတော့ hive-engine ကိုပဲသုံးတယ်။ တစ်ခါတစ်လေ တော်တော်စိတ်ပျက်ဖို့ကောင်းတာက အကောင့်ဝင်မရခြင်း ခဏခဏကြုံရပြန်တယ်။ အခုလည်း ဝင်မရဘူး။ ဒီတော့ hive-engine ကအသစ်ထုတ်တဲ့ https://tribaldex.com/ ဆိုထပ်ထွက်လာပါလေရော။
screenshot_41.png

hive-engine ကို ဝင်မရတိုင်း https://leoindex.io ကနေဝင်ရတာ။ ကျွန်တော်တို့ hive blockchain မှာ အားသာချက်က ဘယ်နေရာဝင်ဝင် ဒီအကောင့်နဲ့ပဲခွင့်လို့ရခြင်းပဲ ဒါကြောင့် ကောင့်ကိုတော့ လုံခြုံမှုအရေးကြီးပါတယ်။ hive blockchain ကလည်းနေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတက်မှုတွေအများအပြားဖြစ်ပေါ်လာတွေ့ရတယ်။ လူတွေလည်း hive ကို စိတ်ဝင်စားမှုရှိလာခဲ့တယ် အကြောင်းကတော့ ဈေးတက်ခဲ့ခြင်းကြောင့်ပါ။ hive နဲ့ပတ်သက်ပြီး NFT ဂိမ်းတွေလည်း အများအပြားထွက်ပေါ်လာနိုင်ပြီး ယခုစတင်နေတဲ့ ဂိမ်းတွေလည်းရှိနေတယ်။ အောင်မြင်မှုတော့ ကောင်းကောင်းမရကြသေးပါ။ ဂိမ်းထဲမှာတော့ splinterlands ပဲအောင်မြင်မှုကောင်းကောင်းရနေတာတွေ့ရပါတယ်။



0
0
0.000
0 comments