မြန်မာတွေ NFTs တွေမှာ စိတ်ဝင်စားလာ

avatar

အခုရက်ပိုင်း မြန်မာအများစု NFTs နဲ့ပတ်သက်သည့် အရာများကို အများအပြား ပါဝင်လာတာတွေ့ရပါတယ်။ referral တွေရှာ invert တွေလုပ် နဲ့ ရသူကရ မရသူကဆက်ကြိုးစားတာတွေတွေ့ရပြီး Discord မှာ နေရာယူလာကြပြီ။ steem တို့ hive တွေထက် ပိုပြီးလုပ်လာတာတွေ့ရတယ်။ လုပ်နေသူအများစုက လူငယ်တွေများပါတယ်။

  • Ethereum ပေါ်မှာ အမှီပြုပြီး လုပ်တဲ့ NFTs,
  • Solana ပေါ်မှာ ရှိတဲ့ NFTs,
  • Binance ပေါ်က NFTs,
  • Matic ပေါ်က NFTs,
  • Hive ပေါ်က NFTs
    ဆိုပြီး တွေ့ရတဲ့ထဲက eth, sol, matic ကိုပိုလုပ်တာတွေ့ရပါတယ်။
    အခမဲ့ NFTs ကတ်တွေရအောင်ကြိုးစားကြ ကိုယ်ပိုင် project တွေတည်ထောင်ပြီး ပြုလုပ်လာသူတွေလည်း ရှိလာတာတွေ့ရတယ်။ Discord တွေ, Telegram တွေများ တော်တော်များများတွေ့ရတယ်။
    ကျွန်တော်လည်း လေ့လာဖြစ်တယ်။ ဒါပေမဲ့ ခုထိ ကတ်တစ်ခုမရသေးဘူး။ ကျွန်တော်က ဂိမ်းတွေဘက်ကိုအားပါတော့ နေ့စဉ် ဂိမ်းဆော့တာများတယ်။ hive ကိုအခြေခံတဲ့ဂိမ်းတွေပါ။ ဂိမ်း project တွေမှာ ပျက်ဆီးသွားပြီး ဆုံးရှုံးခဲ့တာတွေလည်းရှိပါတယ်။ tokens တွေဘက်လိုက်ပြီး အရောင်းအဝယ်လုပ် ရှုံးတာတွေလည်းရှိသလို hive တွေ ဈေးကောင်းလာတော့ ဈေးကောင်းမိခဲ့ပြီး မြတ်တာတွေလည်းရှိခဲ့ပြန်တယ်။
    Splinterlands ဂိမ်းစဆော့တော့ ၁၀ ဒေါ်လာရင်းလိုက်တယ်။
    နောက် ရလာတဲ့ daily quest ကကတ်တွေ တစ်ဖြည်းဖြည်းနဲ့ အရင်းတွေရ ကတ်တွေရောင်း လိုအပ်တဲ့ ကတ်တွေဝယ်ရင်း အရင်း ဒေါ်လာ 1000 လောက်မှာ ကျွန်တော် ကတ်အားလုံးပေါင်းရဲ့ တန်ကြေး ဒေါ်လာ 12000 အထိဖြစ်သွားခဲ့တယ်။
    Screenshot_74.png
    အပေါ်က ကတ်ဆိုရင် စရတုန်းက 28 ဒေါ်လာလောက်ပဲရှိတယ် အခမဲ့ရခဲ့တာပါ ဈေးကောင်းချိန်က ဒေါ်လာ 180 အထိရှိခဲ့ပါတယ်။ အခုကဈေးကျချိန်ဖြစ်လို့ 86 ဒေါ်လာပဲဈေးဖြစ်နေတာပါ။ နှစ်ကတ်ရှိတယ် မရောင်းဘူး တစ်ခုထပ်ဝယ်ပြီး ပေါင်းမှာပါ။ သူရဲ့ gold ကတ်လည်း တစ်ကတ်ရဖူးပါတယ်။ အပျော်လွန်းပြီး ချက်ချင်း ထုတ်ရောင်းမိလိုက်တာ အမှားကြီးပေါ့ တော်တော်ဈေးတက်သွားတယ်။
    Screenshot_75.png
    ဒီကတ်တွေကို NFTs လို့ပြောမရသေးသလို NFTs တွေမပေါ်လာခင်ထဲက ရပ်တည်လာတာဆိုတော့ သုံးနှုန်းလို့မရပြန်ဘူး။
    Screenshot_76.png
    အပေါ်ကကတ်ကတော့ အစ spellbook 10 ဒေါ်လာဖိုးဝယ်တုန်းကရခဲ့တာပါ။ နောက်ထပ်ကတ်တွေဝယ်ပြီး 5 stars ရောက်အောင် ကတ်တွေပေါင်းထားခြင်းပါ။
    Screenshot_77.png
    ဒီကတ်လည်းအတူတူပါပဲ ထပ်ပြီး ကတ်တွေဝယ် level မြင့်အောင် ပေါင်းထားတာပါ။
    Screenshot_78.png
    ဒါကတော့ အခု ဈေးကျနေချိန် ကျွန်တော်အကောင့်တန်ကြေးပါ။ အားလုံးဈေးကျတော့ သူလည်း ဈေးလိုက်ကြတာပေါ့။
    splinterlands Games https://steemmonsters.com?ref=nayhlaingsoe
    Rising Star Game https://www.risingstargame.com?referrer=nayhlaingsoe

Posted Using LeoFinance Beta



0
0
0.000
9 comments
avatar

စုဆောင်းမိတာလေးတွေရှိခဲ့ပြီလို့ ပြောလို့ရတာပေါ့နော်

0
0
0.000
avatar

ဟုတ်တယ်ဗျ ဒီကနေ တော်တော်စုမိနေပြီပေါ့ !LOLZ !LUV !PIZZA !BEER

0
0
0.000
avatar

အခုမှ အစပါ ​ရှေးလူ​တွေဆီက သင်ကြား​နေရပါတယ် အ​တွေ့အကြုံ​လေး ​ရေးတင်လို့ ​ကျေးဇူးပါ

0
0
0.000
avatar

NFTs ကိုတော့ တစ်ကယ်စိတ်၀င်စားလာပြီး ဒါပေမယ့် လေ့လာမှုတော့ မလုပ်နိုင်သေးပါဘူးဗျာ။

0
0
0.000
avatar

စုထားပါ bro ရေ
အချိန်တန်ရင် မြတ်လာပါလိမ့်မယ် 💪

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@nayhlaingsoe(4/10) tipped @suhlaing (x1)
nayhlaingsoe tipped cdm.ano (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000