splinterlands ထဲမှာ ကစားဖို့ ကတ်အားနည်းသူများအတွက်

avatar

splinterlands ကိုစတင်ကစားသူတွေနဲ့ ပါဝါအားနည်းသူများ ကတ်အားနည်းသူများအတွက် ကတ်တွေထပ်ရဖို့ ငွေနည်းနည်းရင်းပြီး အသုံးပြုလို့ရမည့်ကတ်တွေ ရရှိဖို့ နည်းလမ်းတစ်ခုပါ။ ပထမဆုံး credits ကိုဝယ်ယူလိုက်ပါ။ 1000 credits = 1 $ ပါ။ အနည်းဆုံး 4000 credits ဝယ်လိုက်ပါ။ ဝယ်တဲ့နေရာမှာ ကိုယ့်မှာရှိတဲ့ DEC, SPS စသည်ဖြင့် ဝယ်ယူနိုင်သလို အခြားသော crypto နဲ့ visa card, paypal တို့နဲ့လည်းဝယ်ယူနိုင်ပါတယ်။
screenshot_55.png

credits တွေဝယ်လို့ရပြီဆိုရင် shop ကိုသွားပါ။ CHAOS LEGION pack တွေရောင်းပေးနေတာတွေ့ရပါလိမ့်မယ်။ 1 pack ကို credits 4000 ပေးရပါတယ်။
screenshot_56.png
အရင်က DEC , SPS တို့ဖြင့်တိုက်ရိုက်ဝယ်နိုင်ပေမဲ့ အခု credits ဖြင့်သာရောင်းချပေးတာတွေ့ရတယ်။
screenshot_57.png
ဒီလိုဝယ်ယူပြီးလျှင် ကိုယ်ရလာတဲ့ pack ကိုဖောက်ရပါမယ်။ credits 4000 or 4$ ဖိုးဝယ်ယူပြီးရင်တော့ ဂိမ်းထဲမှာ အစွမ်းထက်တဲ့ ကတ် ၅ ခု အသုံးပြုခွင့်ရမှာပါ။ အောက်ပါပုံနေရာကနေ ဖွင့်ဖောက်ရမှာပါ။
screenshot_58.png
သူပေးတဲ့ ကတ်တွေက ပြန်ရောင်းလို့မရပေမဲ့ ကစားတဲ့အချိန်တိုင်း အသုံးပြုခွင့်ရနေမှာပါ။ daily quest ကပေးတဲ့ ကတ်တွေက အစွမ်းနည်းတဲ့ကတ်များနေပါတယ်။ ကတ်ကောင်းတာတွေ မပေးတာ တော်တော်ကြာနေပြီ။
market ထဲကကတ်တွေကတော့ ကြိုက်ရောင်း/ကြိုက်ဝယ်စနစ်ဖြစ်တဲ့အတွက် ဈေးတွေလည်းများနိုင်ပြီး ကတ်တွေစု ဈေးတင်ရောင်းအထိပါပြုလုပ်နိုင်ပါတယ်။
https://steemmonsters.com?ref=nayhlaingsoe



0
0
0.000
2 comments
avatar

ဘာကတ်မှမရောင်းနိုင်သေးဘူး...

0
0
0.000