သားသားအလှူပွဲလုပ်ဖို့ အတွက် shib တွေဝယ်စုထား

avatar

134361347_2993226664297254_3253921811525814810_n.jpg

photo by : @nayhlaingsoe
coins ဈေးတွေထိုးကျနေချိန်မှာ ဝယ်စုထားတဲ့ shib coin ခွေးပေါက်စလေး တွေ ခုထိဝယ်ထားတာ 7,830,065 shib ရှိသွားပါပြီ ဒါတွေကို မရောင်းပဲ နှစ်ရှည်စီမံကိန်းအနေနဲ့ (၂)နှစ်မှ (၃)နှစ်အထိထားမှာဖြစ်ပြီး ထပ်ပြီးဝယ်စုသွားအုံးမှာပါ။ ကျွန်တော်စတင် ဝယ်ချိန်က ဈေး 0.000044 $ ဈေးရှိနေပေမဲ့ အခုဈေးကတော့ 0.0000284 $ လောက်ပဲရှိပါသေးတယ်။
screenshot_60.png

ကျွန်တော် ဝယ်ထားတာတွေကို binance မှာ အတိုးနှုန်း 5.25% နဲ့ (၃)လတစ်ခါ အတိုးယူပြီး shib တွေပွားထားပါတယ်။ ရှိသမျှ shib တွေကို အတိုးပေးထားခြင်းကြောင့် နေ့စဉ် shib 1126 ရရှိနေပါတယ်။
screenshot_59.png

ဘာအတွက် ဝယ်စုလဲဆိုရင် ကျွန်တော်သားလေး ရှင်ပြု အလှူလုပ်ဖို့ ရည်ရွယ်ပြီး သိမ်းဆည်းထားတာပါ။ အဓိက ကတော့ ဈေးအတက်ကိုလိုချင်တာပါ။ ဒါကတော့ ကျွန်တော် မျှော်မှန်းချက်တစ်ခုပါပဲ။ ဈေးနှုန်း 0.01 လောက်အထိရောက်ရင်တောင် တော်တော်မြတ်နိုင်တဲ့အတွက် ဝယ်စုထားခြင်းပါ။ နောက်လည်းရသလောက်ထပ်ဝယ်စုအုံးမယ်။ ဒါတွေက hive တွေဈေးတက်တုန်း ရောင်းပြီးဝယ်ထားခြင်းဖြစ်ပါကြောင်း hive မိသားစုတွေကို ပြောပြခြင်းပါ။



0
0
0.000
1 comments