My 1st Buying Chos Legion Pack

avatar

logo_chaos_legion_800.png

မဂ်လာပါ။

ဒီနေ့တော့ ကျွန်တော့ရဲ့ Splinterlands Game မှာ ပထမဆုံး ဝယ်ယူရရှိခဲ့တဲ့ Chos Legion Pack အကြောင်းလေးကို ပြန်လည်မျှဝေလိုပါတယ်။

Splinterlands မိတ်ဆွေများ အားလုံးအသိပါ ကျွန်တော်တို့ရဲ့ Splinterlands ဂိမ်းမှာ မကြာသေးမီကမှ စတင်ဖြန့်ဝေလိုက်တဲ့ ကဒ်စီးရီးအသစ်ဖြစ်တဲ့ Chos Legion Packဟာ စပလင်တာဂိမ်းကစားသူတိုင်းကို ဆွဲဆောင်မှုအားကောင်းကောင်းနဲ့ ချီတက်ဝင်ရောက်လာခဲ့ပါတယ်။

img_silus.png

ဒီလိုအချိန်မှ ကျွန်တော်တို့လို ဘဏ္ဍာရေး ပါဝါအားနဲသော ကစားသမားများအတွက် ထိုအသစ်ထွက်ရှိသော ကဒ်ပက်အသစ်ကို ဝယ်ယူနိုင်ရန် အလွန်ခက်ခဲလှပါတယ်။ စစချင်း ဖြန့်ချီသည့်အချိန်ကလည်း Hive ပမာဏ မပြည့်မီလိုက်၍ မဝယ်နိုင်ခဲ့ပါ။ ထို့နောက်တော့ Splinterlandsဂိမ်းရဲ့ လူတိုင်းပါဝင်အားပေးဝယ်ယူနိုင်သော အစီစဉ် အသစ်က Vouchers Airdrop စနစ်ဖြင့် Vouchers တစ်ခု နှင့် Credit(s)တိုကင် ၄၀၀၀ဖြင့် ဝယ်ယူခြင်းကို ခွင့်ပြုလိုက်သည်။

Presale Phase (1) ကာလတွင် ကဒ်ပက်တစ်ခုဝယ်ယူတိုင်း ဘောနပ်ထုပ်တစ်ခု အပိုရရှိနိုင်သော်လည်း ယခု Presale Phase (2) ကာလတွင်တော့ ကြိုတင်ရောင်းချမှုတွင်ကဲ့သို့ ဘောနပ်စ်ထုပ်များမပါဝင်ဘဲ VOUCHER တိုကင်တစ်ခုစီ လိုအပ်မည်ဖြစ်သည်။

buy_with_credits.jpg

အဆိုပါ VOUCHER တိုကင်များကို ကျွန်တော်တို့၏အကောင့်တွင် Stake ပြုလုပ်ထားသော SPS တိုကင်များ ပမာဏ၏ ရာခိုင်နှုန်းအလိုက် VOUCHER တိုကင်များကို Airdrop ချပေးခြင်းမှ တစ်ဆင့်ရရှိကြပါသည်။ ဇန်နဝါရီ 7 ရက်၊ 2022 ခုနှစ်မှစတင်၍ VOUCHER တိုကင်များကို စတင်ချပေးနေခဲ့သည်။

vouchers.jpg

Presale Success!
The Chaos legion sale is conducted in 3 parts.
Presale - 1M packs - Complete!
Phase 2 - 2M packs - starts December 8th
General Sale - 12M packs - Expected start date of January 17, 2022.

အခြားနည်းဖြင့် Vouchers များအား မိမိတို့အကောင့်တွင် ရယူလိုပါက Hive-engineတွင် Trade ခြင်းဖြင့် ဝယ်ယူရရှိနိုင်သည်။ မားကက်တွင် ဘောက်ချာတစ်ခု၏ ပေါက်ဈေးမှာ 15$ မှ 16$ ဝန်းကျင်တွင်ရှိနေပါသည်။ သို့ပါ၍ ကျွန်တော်များကဲ့သို့ ဘဏ္ဍာရေးအားနည်းသူများအတွက် ဘောက်ချာအား ဝယ်ယူရန်လည်း အခက်အခဲရှိနေခဲ့သည်။

ယနေ့တော့ အဆိုပါအခက်အခဲအား ကျွန်တော်၏ Splinter Wallet တွင် ရရှိလာသော Voucheလေးများအား စုဆောင်းရာမှ 1 Voucher ပြည့်မီလာခဲ့လေသည်။ ထို့ကြောင့် ကျွန်တော်သည် မိမိအင်မတန်လိုချင်နေသော Chos Legion Pack အသစ်လေး တစ်ခုကို ဝယ်ယူရန် ကြိုးစားလိုက်ပါသည်။

vouchers.jpg

ကျွန်တော့တွင် Splinterlands Gameကစားနေရင်းမှ စုဆောင်းရရှိထားသော Credit(s) မှာ ၂၀၀၀ စုဆောင်းရရှိထားသည် သို့ဖြစ်၍ Credit(s) 4000ပြည့်မီရန် နောက်ထပ် လိုအပ်သော Credit(s)၂၀၀၀ ကို အကောင့်မှတစ်ဆင့် ဝယ်ယူလိုက်ပါသည်။

buy_credits.jpg

ထိုနောက်တွင် ကျွန်တော်၏ အကောင့်၌ Chos Legion Pack ဝယ်ယူရန် လိုအပ်သော 1 Voucher + 4000 Credit(s) ပြည့်မီသွားသည်ဖြစ်၍ ကဒ်ပက်အသစ်အား ဝယ်ယူခြင်းလုပ်ငန်းစဉ်အား စတင်လိုက်ပါသည်။ Confirming Process အနည်းငယ် ပြုလုပ်ပီးနောက်တွင်တော့ ကျွန်တော် လိုချင်သော၊ တောင့်တအပ်သော Chos Legion Pack အသစ်လေးတစ်ခုအား ပိုင်ဆိုင်လာပါပြီ။

confirming.jpg

ထိုသို့ဖြင့် ကျွန်တော်၏ Splinterအကောင့်တွင် ရရှိလာသော ကဒ်ပက်အသစ်အား Open menuတွင်သွားရောက်ဖွင့်ယူလိုက်ပါသည်။

open.jpg

ဤကဒ်ပက်အသစ်လေးအား ဖွင့်ယူနေသော အခိုက်အတန့်လေးသည် ရင်ခုန်ရသော အခိုက်အတန့်လေးဖြစ်နေပါတော့သည်။

ကျွန်တော်၏ ဖွင့်ယူလိုက်သော ကဒ်ပက်အသစ်လေးမှာ ဘာတွေများ ရရှိလာမည်နည်း။ မိတ်ဆွေများနှင့်အတူ ရင်ခုန်ကြည့်လိုက်ရအောင်--

ဒါကတော့ မဖွင့်ခင် ကျွန်တော်၏ Chos Legion Pack ကိုတွေ့မြင်ရစဉ်ဖြစ်သည်
before_reveal.jpg

ဒါကတော့ ကျွန်တော်၏ Chos Legion Pack မှ ရရှိလိုက်သော ကဒ်အသစ်များဖြစ်ပါသည်။
after_reveal_all.jpg

RADIATED SCORCHER
COMMON Fire Unit

FLYING SQUID
COMMON Water Unit

TUSK THE WIDE
EPIC Fire Unit

PELACOR ARBALEST
RARE Life Unit

HARDY STONEFISH
COMMON Water Unit

အထက်ပါ ကဒ် ၅ ကဒ်ပါသော ကဒ်ပက်ကို ဖွင့်ရန် လိုအပ်သော နောက်ထပ် အသေးစားလိုအပ်မှုလေးများရှိနေပါသေးတယ်။ ထိုပစ္စည်းလေးများကတော့

23_charges_remaining.jpg 28_charges_remaining.jpg

တစ်မျိုးလျင် ယူနစ်၅ခုစီလိုအပ်သော Potions လေးများဖြစ်ပါတယ်။

dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg

ယခုဆိုလျင် ကျွန်တော်၏ Splinterlands မှ Chos Legion Pack ဝယ်ယူခြင်း အတွေ့အကြုံအား မိတ်ဆွေများထံသို့ မျှဝေပီးသွားပါပီ။ ကျွတော်၏ ပိုစ်အား လာရောက်အားပေးကြသော မိတ်ဆွေများအားလုံး နှစ်သက်ကြမည်ဟု ယုံကြည်မိပါသည်။

ယခုပိုစ်အတွက် အတွေ့အကြုံသစ်များ ပေးစွမ်းနိုင်သော #Splinterlands အားလည်း အထူးကျေးဇူးတင်နေပါသည်။

Splinterlands မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

hive_line_2.gif

All images are take from Splinterlands Game sourcesSpecial thanks to Splinterlands GameThanks you for visiting my post.Good luck and see you around.@nyimwa

hive_line_2.gif



0
0
0.000
7 comments
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped nyimwa (x1)
htwegyi tipped nyimwa (x1)
@nyimwa(1/6) tipped @htwegyi (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

Gammer ကြီး အောင်မြင်ပါစေ။
!PIZZA

0
0
0.000
avatar

ကျေးဇူးပါဗျာ ။ ကြိုးစားလျက်ပါ။ !PIZZA

0
0
0.000