ဆယ်ငါးရက် သေတ္တာဖွင့်ပွဲ

avatar
(Edited)

img_0.18545748899651449.jpg
ဘာလိုလိုနဲ့ gameကစားလာတာဟာ15day boxဖွင့်ပွဲတော်ကိုရောက်ရှိလို့လာခဲ့ပါပြီ။
15dayပြည့်တာကို ကျွန်နော်မသိခဲ့ပါဘူး။
အရင်လိုပဲ decရဖို့အတွက် gameထဲဝင်ပြီး အချိန်အနည်းငယ်ပေးကာ ကစားရင်းနဲ့ နာရီချိန်ပြည့်လို့ နေ့စဥ် တစ်ရက်ငါးပွဲနိုင်အောင် ကစားနိုင်ရင် နေ့စဥ်boxဖွင့်တဲ့ ခလုပ်လေးကိုနှိပ်ပြီး အိပ်လိုက်တော့တာပါပဲ။
မနက်ရောက်လို့ gameထဲဝင်တော့ 15dayပြည့်ရင် ဖွင့်လို့ရမယ့် boxက ကျွန်တော်ရဲ့ မိုးလင်းလို့ အိပ်ရာထတဲ့အချိန်မှာ 15 Birthday ပါဆိုပြီး ကြိုဆိုလို့နေပါတယ်။
ကျွန်နော်မြင်တွေ့လိုက်ရတော့ အားရဝမ်းသာဖြစ်သွားတာပေါ့ဗျာ။
ဒါနဲ့ပဲ ကျွန်နော်ဟာ မနက် အိပ်ရာထ မျက်နှာမသစ်ပဲနဲ့15day boxဖွင့်ပွဲတော်ကို ကျင်းပလိုက်ပါတော့တယ်။
boxဖွင့်တဲ့အချိန်မှာ ရင်တွေကတုန် ရင်တွေကခုန်နဲ့ လက်တုန်တုန်နဲ့ပဲ 15day boxကို မျက်လုံးမှိတ်ပြီး ဖွင့်ချလိုက်ပါတော့တယ်။
အဲ့ဒီအချိန်မှာ အထက်မှာ တင်ပြထာတဲ့ ဓာတ်ပုံထဲက ခရမ်းရောင် ပစ္စည်းတစ်ခုကို လက်ဝယ်ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။
ကျွန်နော်ကံကောင်းခဲ့ပါတယ်။
ဘာကြောင့်လည်းဆိုတော့ အရင်နေ့တွေက နေ့စဥ်ကစားနေရတဲ့ ငါးပွဲနိုင်ရင် ဖွင့်လို့ရတဲ့ boxဖွင့်သောအချိန်က ဒီနေ့ငါ ဘာရခဲ့သလဲဆိုတာကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ဖို့ လုပ်တာ ဖုန်းကerooတွေက တက်နေတော့ ဘာရမှန်းတောင်မသိဖြစ်ခဲ့ရပါတယ်။
အင်တာနက်လိုင်းကလည်း မကောင်းဘူး။
15day boxဖွင့်ရမယ့်အချိန်မှာတော့ မနက်ခင်ဖြစ်နေလို့လာတော့မသိဘူး အင်တာနက်လိုင်းကလည်း ကောင်းနေတော့ 15day boxဖွင့်တဲ့အချိန်မှာ ကိုယ်ဘာရခဲ့သလဲဆိုတာကို မှတ်တမ်းတင်နိုင်လို့ ဓာတ်ပုံနဲ့တကွ ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။
author:@thurawinkyaw
photo images:screen shots



0
0
0.000
2 comments