စိတ်ကူး အသစ် တစ်ခု

avatar
(Edited)

စိတ်ကူးလေး တစ်ခု ပေါ်လာတာနဲ့ ရေးလိုက်ပါဦးမယ်။ ဒီစိတ်ကူးကတော့ ကျွန်တော် project.hope ဆီကနေ ရတာပါ။ အဲဒါကို ဘယ်လို အကျိုးရှိအောင် သုံးရမလဲလို့ စဉ်းစားနေမိတယ်။ သူ့စိတ်ကူးကို ကိုယ့်အတွက် ဘယ်လို အကျိုး ရှိအောင်သုံးရမလဲ ဆိုတာကိုပေါ့။

သူ့အစီအစဉ်ထဲမှာ delegator တွေရယ်၊ content creators တွေရယ် နောက်ပြီးတော့ core team ရယ်ဆိုပြီးတော့ ပါပါတယ်။

Delegator တွေကတော့ သူ့ကို SP ငှားထားတဲ့သူတွေပေါ့။ အဲဒီသူတွေကို အပ်ဗုတ်ပြန်မပေးပါဘူး။ အဲဒီအစား ရလာတဲ့ curation reward တွေကိုပဲ ပြန်ပေးပါတယ်။ နောက်တစ်ယောက်ကတော့ စာရေးသူတွေပေါ့။ သူတို့တွေကိုတော့ အပ်ဗုတ်ပေးပါတယ်။ နည်းပညာနယ်ပယ်က ပိုစ့်တွေကို အပ်ဗုတ်ပေးတာပါ။ ဒါကတော့ ကိုယ်စိတ်ကြိုက်သတ်မှတ်လို့ရပါတယ်။ အဲဒီလူတွေက ၁၀% ကနေ ၂၀% ကို သူသတ်မှတ်ထားတဲ့ အကောင့်တစ်ခုကို beneficinary ပြန်ပေးပါတယ်။ အဲဒီအကောင့်ကတော့ fund အတွက် သုံးတာပေါ့။

နောက်ဆုံး Core team ဆိုတာကတော့ ဗင်နီဇွဲလားက ပညာတတ်တွေပါ။ စောစောက fund account ကနေ ရလာတဲ့ ငွေတွေကို အဲဒီသူတွေကို ခွဲဝေပေးပါတယ်။ အဲဒီသူတွေကလည်း ဒီပရောဂျက်ကို လူတွေ ကြားထဲ ပြန့်နှံ့အောင် လုပ်ဆောင်နေပါတယ်။ ပြောရရင်တော့ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတာပါပဲ။ အဓိက ကျတာကတော့ အဲဒီလို လုပ်ဆောင်နိုင်ဖို့ SP များများ ရှိဖို့ပဲ လိုပါတယ်။ သူ့ပရောဂျက်ကတော့ အောင်မြင်စပြုနေပါပြီ။

I will add today rewards here later.

image.png



0
0
0.000
5 comments
avatar

SP များများရှိဖို့သာလိုသည်ပေါ့ စုနေတာပါပဲဗျာ

0
0
0.000
avatar

Hi, @mmunited!

You just got a 2.56% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

0
0
0.000
avatar

Congratulations. @ityp is the winner for my last giveaway post.
ccurad.png

0
0
0.000